0 Shares 3697 Views

Storage ပမာဏကိုမြင့်တင်လိုက်ပြီး iPad တွေရဲ့ ဈေးနှုန်းကို လျှော့ချလိုက်တဲ့ Apple

Sep 08, 2016
0 3697

Tim Cook ဟာ မနေ့ကပြုလုပ်တဲ့ iPhone 7 နဲ့ Smart Watch 2 တို့ မိတ်ဆက်တဲ့ ပွဲမှာ iPad အတွက် တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိတော့ဘူးလို့ ထင်ခဲ့ကြပေမယ့် iPhone လိုင်းလိုပဲ iPad ကိုအဆင့်မြှင့်တင်မှုအနည်းငယ် ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ iPad တွေရဲ့ Storage တွေကို မြှင့်တင်မှု ပြုလုပ်ပြီး ဈေးနှုန်းတွေကိုလည်း အသီးသီးလျှော့ချလိုက်တာပဲ ဖြစ်ပါတယ်။

Apple ဟာ အရင်ထုတ်လုပ်ခဲ့တဲ့ 16GB မော်ဒယ်ကိုပဲ ဈေးနှုန်းပြောင်းလဲမှုမရှိပဲ 32GB အထိ Storage ပမာဏကို အနည်းဆုံးမြှင့်တင်လိုက်တာ ဖြစ်ပါတယ်။ အဲ့ဒီအပြင် iPad Pros တွေကိုလည်း ယခုအခါမှာ Storage ပမာဏ 256GB အထိ မြှင့်တင်ခဲ့ပြီး ယခင်ကထက်တော့ ဈေးနှုန်းပိုမိုလာမယ့် ဟန်ရှိပါတယ်။

နည်းနည်းပိုပြီး ရှုပ်ထွေးသွားစေနိုင်တာ တစ်ခုကတော့ ဈေးနှုန်းအတက်အကျဟာ မော်ဒယ်ပေါ်မူတည်နိုင်တဲ့ သဘောပဲ ဖြစ်ပါတယ်။ iPad mini 2 ဟာ WiFi သို့မဟုတ် Cellular Mode ပေါ်မူတည်ပြီး ယခုအခါမှာ 32GB Storage ကို ဒေါ်လာ ၂၆၉ကနေ ဒေါ်လာ ၃၉၉ ထိရှိနိုင်တာ ဖြစ်ပါတယ်။ WiFi-only model နဲ့ iPad Air 2 နဲ့ iPad mini 4 တို့ဟာ 32GB Storage အတွက် ဈေးနှုန်း ဒေါ်လာ ၃၉၉ကနေ 128GB Storage အတွက် ဒေါ်လာ ၄၉၉အကြား ရှိနိုင်တာပါ။ ဒါပေမယ့် ဒါတွေဟာသင့်ရဲ့ Storage ပမာဏရွေးချယ်ပုံပေါ်မှာပဲ မူတည်ပြီး ကွဲပြားသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် iPad Pro တွေကတော့ Storage Option တိုင်းမှာ ဈေးနှုန်းကျသွားတယ်လို့ ဆိုနိုင်ပါတယ်။ ယခုအခါမှာတော့ အမြင့်ဆုံး ဗားရှင်းဖြစ်တဲ့ ၁၂.၉လက်မ မျက်နှာပြင်နဲ့ 256GB WiFi ဗားရှင်းကို ယခင်ဈေးနှုန်း ဒေါ်လာ ၁၀၉၉ကနေ ဒေါ်လာ ၉၉၉နဲ့ လျှော့ပြီး ရောင်းချတာဖြစ်ပါတယ်။ iPad တွေရဲ့ ဈေးနှုန်းပြောင်းလဲသွားပုံကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။

iPads-Price-Off1

iPad များ ၏အသစ်ထွက်လာသော လက်ရှိဈေးနှုန်းများ

iPads-Price-Off2

iPad များ ၏ ယခင်ဈေးနှုန်းများ (အပေါ်ကပုံအစီအစဉ်အတိုင်းဖြစ်ပါသည်)

Ref: Engadget

You may be interested

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ
FEATURES, HUBS, Mobile & Tablets
46 shares2 views

ကမ္ဘာ့ဈေးကွက်တွင်းသို့ ပိုမိုထိုးဖောက်ရန် စီစဉ်နေကြောင်း Vivo ထုတ်ပြန်ကြေညာ

Ko Thuya - Oct 21, 2017

ကမ္ဘာတစ်ဝှမ်းမှ ငယ်ရွယ်သူများ ကိုယ့်ကိုကိုယ် ထုတ်ဖော်ပြသနိုင်မှု ပိုမိုလာစေရန် ပြည့်စုံသည့် ထုတ်ကုန်ထုတ်လုပ်မှု စနစ်ဖြင့် ဈေးကွက်သစ်တွင်းသို့ ဝင်ရောက်တော့မည် ရှင်းကျန့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ၂၀၊ အောက်တိုဘာ၊ ၂၀၁၇ ကမ္ဘာ့စမတ်ဖုန်းအမှတ်တံဆိပ်များတွင် နုပျိုစွာဖြင့် ဦးဆောင်ပါဝင်နေသည့် Vivo သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင်…

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ
Apple, HUBS, Mobiles & Tablets
31 shares9 views

Apple က iPhone 8 ရောင်းအား မကောင်း၍ ထုတ်လုပ်မှုကို ထက်ဝက် လျှော့ချ

Ko Thuya - Oct 21, 2017

Apple Fans များဟာ iPhone 8 အစား iPhone X ကို ၀ယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ သတင်းများထွက်ပေါ်ခဲ့ဖူးပါတယ်။ iPhone 8 ရောင်းချတဲ့အချိန်မှာလည်း Apple Store များမှာ ကြိတ်ကြိတ်တိုး ၀ယ်ယူမှု နည်းပါးခဲ့ပါတယ်။ မကြာခင်ကလည်း iPhone…

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်
Mobiles & Tablets, NEWS
272 shares31 views

Huawei က ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို လာမယ့်နှစ်မှာ ရောင်းမည်

Ko Thuya - Oct 21, 2017

Huawei ရဲ့ Consumer Business Group မှ စီအီးအို ဖြစ်သူ Richard Yu က Mate 10 စမတ်ဖုန်းများ မိတ်ဆက်ပွဲမှာ CNET နဲ့ အင်တာဗျူးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အင်တာဗျူးမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချို့ကို…

Most from this category