Lawrence Berkeley National Laboratory မှ သုတေသန ပညာရှင်တွေက မြေကြီး ဘက်တီးရီးယားကနေ ဂျက်လေယာဉ် လောင်စာဆီကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ American Petroleum Institute (APA) က ကမ္ဘာမြေကြီးရဲ့ လောင်စာဆီဟာ ၂၀၆၂ နဲ့ ၂၀၉၄ ခုနှစ်အတွင်းမှာ ခမ်းခြောက်နိုင်တယ်ဆိုတဲ့ သုတေသန စစ်တမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ Stanford University’s Millennium Alliance for Humanity and the Biosphere (MAHB) ရဲ့ ၂၀၁၉ ခုနှစ်က စစ်တမ်းအရ ကမ္ဘာကြီးဟာ ၂၀၅၄ ခုနှစ်မှာ လောင်စာဆီ ပြတ်တောက်နိုင်တယ်လို့ ပြောပါတယ်။
လေယာဉ် လောင်စာဆီသာ ပြတ်တောက်သွားရင် ကုန်စည် သယ်ယူပို့ဆောင်မှုတွေ ရပ်တန့်သွားမှာ ဖြစ်သလို ခရီးသွားဖို့အတွက်လည်း အခက်အခဲ ကြုံနိုင်ပါတယ်။ ဒါ့အပြင် တခြား ပြဿနာများစွာလည်း တွေ့ကြုံရမှာ ဖြစ်ပါတယ်။
အဲဒီအတွက် ကမ္ဘာအဝန်းမှ သိပ္ပံပညာရှင်တွေက ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် အရင်းအမြစ်တွေကို ရှာဖွေနေကြပါတယ်။ အခုတော့ Lawrence Berkeley National Laboratory က မြေကြီး ဘက်တီးရီးယားကနေ လေယာဉ် လောင်စာဆီကို ထုတ်လုပ်နိုင်ပြီ ဖြစ်တဲ့အတွက် လောင်စာဆီ ပြတ်တောက်မယ့် ပြဿနာကို ဖြေရှင်းနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : interestingengineering
You must log in to post a comment.