Elon Musk ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို လေယာဉ်၊ သင်္ဘောတွေမှာ သုံးခွင့်ပေးလိုက်ပြီ

ဇွန်လမှာ SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက်ကို Royal Caribbean Group ရဲ့ သင်္ဘောတွေမှာ မကြာခင် အသုံးပြုနိုင်တော့မယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ အမေရိကန် ဆက်သွယ်ရေး ကော်မရှင် (FCC) က Starlink ဂြိုလ်တု အင်တာနက်ကို လေယာဉ်၊ သင်္ဘော၊ ရထားနဲ့ တခြား ယာဉ်တွေမှာ အသုံးပြုခွင့်ပေးလိုက်ပါတယ်။

FCC authorizes SpaceX to bring Starlink internet to airplanes, ships, and more

Hawaiian Airlines က Starlink ဂြိုလ်တု အင်တာနက်ကို သူ့ရဲ့ ဂျက်လေယာဉ် တချို့မှာ အသုံးပြုဖို့အတွက် SpaceX နဲ့ ဧပြီလတုန်းက စာချုပ်ချုပ်ခဲ့ပါတယ်။ လေယာဉ်၊ သင်္ဘောနဲ့ ရထားတွေဟာ ကမ္ဘာမြေပြင်အထက် မိုင် ၂၂,၀၀၀ ကျော်က ဂြိုလ်တုတွေဆီက အင်တာနက်ကို အသုံးပြုခဲ့ကြရတာပါ။

starlink: Elon Musk's Starlink announces satellite internet for RVs

Starlink ဂြိုလ်တုတွေကတော့ ကမ္ဘာမြေပြင်အထက် မိုင် ရာဂဏန်းလောက်မှာ ရှိတဲ့အတွက် Latency နည်းသလို လိုင်း ပိုကောင်းပါတယ်။

SpaceX CEO Elon Musk က Starlink ဟာ လေယာဉ် အပါအဝင် ရွေ့လျားနေတဲ့ ယာဉ်တွေမှာ အသုံးပြုလို့ရပေမယ့် လိုင်း တည်ငြိမ်မှု မရှိသေးဘူးလို့ အရင်က ပြောထားဖူးပါတယ်။

Ref : interestingengineering

%d bloggers like this: