18GB RAM တောင် ပါလာမယ့် Asus ROG Phone 6

Asus က ဒီလ ၅ ရက်နေ့မှာ နောက်မျိုးဆက် Gaming စမတ်ဖုန်း အသစ်တွေကို ကြေညာတော့မှာပါ။ ROG Phone 6 Series ဖြစ်ပြီး ROG Phone 6 , 6 Pro နဲ့ 6 Ultimate မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားမှာပါ။ Asus က စွမ်းရည်မြင့် Snapdragon 8+ Gen 1 Chipset နဲ့ 165Hz Refresh Rate ပါလာမယ်လို့ အတည်ပြုထားပါတယ်။

Asus ROG Phone 6

TENAA ရဲ့ စာရင်းအရ မျက်နှာပြင် အရွယ်အစားက ၆.၇၈ လက်မ ရှိပြီး Full HD+ Resolution ရှိမှာပါ။ မျက်နှာပြင်အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး ဆဲလ်ဖီး ကင်မရာက 12MP ဖြစ်ပါတယ်။ အနောက်ဘက်မှာ 64MP Main အပါအဝင် ကင်မရာ ၃ လုံး ပါလာမှာပါ။

18GB RAM တောင်ပါလာမှာ ဖြစ်ပြီး 1TB Storage အထိ ရွေးချယ်နိုင်မှာပါ။ 65W Charging ထောက်ပံ့တဲ့ 6,000mAh ဘက်ထရီ ပါလာမှာဖြစ်ပြီး Android 12 အခြေပြု ROG Phone UI ထည့်ထားမှာပါ။

Asus ROG Phone 6

Asus က ROG Phone 6 ရဲ့ အပူလျှော့ချပေးတဲ့ စနစ်ကို မျှဝေထားပြီး  ROG Phone 6 မှာ Graphite Sheet ဟာ ၈၅ ရာခိုင်နှုန်းနဲ့ Evaporation Chamber ဟာ ၃၀ ရာခိုင်နှုန်း တိုးတက်လာပါတယ်။ Evaporative Chamber တွေကို Gaming Laptop လို စွမ်းရည်မြင့် Device တွေမှာ သုံးနေကြပြီး အခုတော့ အဲဒီ စနစ်ကို စမတ်ဖုန်းတွေမှာ ထည့်သွင်းလာကြပါပြီ။

Ref : gizchina

%d bloggers like this: