အမြန်နှုန်း တိုးတက်လာတဲ့ Starlink ရဲ့ ဂြိုလ်တု အင်တာနက်

Elon Musk ပိုင်တဲ့ SpaceX ရဲ့ Starlink ဂြိုလ်တု အင်တာနက်ဟာ အမြန်နှုန်း တိုးတက်လာပါတယ်။ နိုင်ငံပေါင်း ၁၅ နိုင်ငံမှာ 100Mbps Download Speed ကို ရနေပြီ ဖြစ်ပြီး Ookla က Starlink ရဲ့ အမြန်နှုန်းဟာ ၂၀၂၁ ခုနှစ် ကွာတား ၁ ကတည်းက တိုးတက်လာတာလို့ ပြောပါတယ်။

Starlink ရဲ့ အမေရိကန်က Download Speed ဟာ ၂၀၂၂ ခုနှစ် ကွာတား ၁ မှာ ၃၈ ရာခိုင်နှုန်း တိုးတက်လာပြီး 90.55 Mbps ရှိလာတယ်လို့ ပြောပါတယ်။ ၂၀၂၁ ခုနှစ် ကွာတား ၁ ရဲ့ 65.72 Mbps ထက် တိုးတက်လာတာပါ။ ကနေဒါဟာ ၁၂ လအတွင်း 61.84 Mbps ကနေ 97.40 Mbps အထိ တိုးတက်လာပါတယ်။

မက္ကဆီကိုမှာ အမြန်ဆုံးလို့ ပြောနိုင်ပြီး 105.91 Mbps Download Speed အထိ ရှိပါတယ်။ ဥရောပမှာ 100 Mbps Download Speed ရနေပြီး ပွာတိုရီကိုမှာ 20.54 Mbps ပဲ ရပါသေးတယ်။

အမေရိကန်က Upload Speed က ကျသွားပြီး ၂၀၂၁ ခုနှစ် ကွာတား ၁မှာ 16.29 Mbps ရှိရာကနေ ဒီနှစ်မှာ 9.33 Mbps ဖြစ်လာပါတယ်။ ရာခိုင်နှုန်းနဲ့ ဆိုရင် ၃၃ အထိ ကျသွားတာ ဖြစ်ပါတယ်။ ကနေဒါမှာလည်း ၂၃ ရာခိုင်နှုန်း ကျသွားပြီး 16.29 Mbps ကနေ 9.33 Mbps အထိ ရှိလာပါတယ်။

Ref : androidpolice

%d bloggers like this: