200W Fast Charging ပါလာမယ့် Vivo iQOO 10 Pro

နာမည်ကြီး ဝီဘို နည်းပညာ ဘလော့ဂါ DCS က Vivo ဟာ 20V/10A 200W Charger ကို ကြေညာတော့မယ်လို့ ပြောပါတယ်။ အဲဒီအတွက် 200W Fast Charging ဟာ မကြာခင် လာတော့မှာပါ။ အရင်သတင်းတွေအရ Vivo ဟာ iQOO 10 Pro ကို နောက်လ ကြေညာမှာဖြစ်ပြီး 200W Charging ပါလာမယ်လို့ သိရပါတယ်။ iQOO 10 Pro ကို ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းဖို့ ၁၂ မိနစ်ပဲ လိုမယ်လို့ သိရပါတယ်။

iQOO 10 Pro

iQOO 10 Series ဟာ အားသွင်းနှုန်း မြန်သလို စွမ်းဆောင်ရည်လည်း မြင့်မားမှာပါ။ ဘာလို့လည်း ဆိုတော့ အဲဒီ ဖုန်းတွေဟာ Snapdragon 8+ Gen 1 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာပါ။

iQOO 10 Pro

iQOO 10 Series မှာ 2K+ 120Hz LTPO မျက်နှာပြင် တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင်အောက်မှာ ပါတဲ့ Ultrasonic Fingerprint ကလည်း အရွယ်ကြီး ဧရိယာကို ထောက်ပံ့မှာပါ။ 50MP ကင်မရာကို ပင်မ အနေနဲ့ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ DCS က iQOO 10 Series မှာ V1 ISP Chip ပါလာမှာ ဖြစ်တယ်လို့ ပြောတဲ့အတွက် အထူးသဖြင့် ညဘက်တွေမှာ ရုပ်ပုံ အရည်အသွေး ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်။

Vivo ရဲ့ iQOO 10 Series ဟာ လက်ရှိ စမတ်ဖုန်း ဈေးကွက်မှာ အားသွင်းနှုန်း အမြန်ဆုံး စမတ်ဖုန်းတွေ ဖြစ်လာမှာ ဖြစ်သလို Snapdragon 8+ Gen 1 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေ ဖြစ်လာတော့မှာပါ။

Ref : gizchina

%d bloggers like this: