5G ထက် အဆ ၁၀၀ ပိုမြန်တဲ့ 6G ကို ၂၀၃၀ ခုနှစ်မှာ သုံးနိုင်မည်

China Mobile ဟာ 6G Network Architecture နဲ့ ပတ်သက်တဲ့ Technical White စာတမ်း တစ်စောင်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ စာတမ်းမှာ “three-body, four-layer and five-sided” 6G Architecture ဒီဇိုင်းကို တင်ပြထားပါတယ်။ ဒါဟာ 6G Network Architecture ဒီဇိုင်း အကြောင်း ထုတ်ပြန်တဲ့ ပထမဆုံး စာတမ်း ဖြစ်ပါတယ်။

6G technology

လက်ရှိ တရုတ်မှာ 5G ကို အသုံးပြုနိုင်တာ ၃ နှစ် မပြည့်သေးပါဘူး။ 5G မိုဘိုင်း ဖုန်း သုံးစွဲသူအရေအတွက်ဟာ သန်း ၄၀၀ ကျော်သွားပါပြီ။ မိုဘိုင်း ဆက်သွယ်ရေး နည်းပညာကို ၁၀ နှစ် ၁ ကြိမ် Update လုပ်ရတဲ့ ဥပဒေအရ 6G ကို ၂၀၃၀ ခုနှစ်မှာ စီးပွားဖြစ် အသုံးပြုနိုင်မယ်လို့ ထင်ပါတယ်။

What Is 6G?

၂၀၁၉ ခုနှစ်မှာ ကမ္ဘာ့ ပထမဆုံး 6G White Paper “KeyDrivers and Research Challenges of Ubiquitous 6G Wireless Intelligence “ ထွက်လာခဲ့ပြီး 6G ဟာ 5G ထက် ၁၀ ဆကနေ အဆ ၁၀၀ ပိုမိုမြန်မယ်လို့ ဖော်ပြထားပါတယ်။ 6G နဲ့ဆိုရင် HD ရုပ်ရှင် ၁၀ ကားကို ၁ စက္ကန့်အတွင်း Download လုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref : gizchina

%d bloggers like this: