Xiaomi က SD870 နဲ့ 120Hz မျက်နှာပြင် ပါတဲ့ POCO F4 5G ကို ကြေညာ

POCO F4 5G ကို အိန္ဒိယနဲ့ နိုင်ငံတကာအတွက် ကြေညာလိုက်ပါတယ်။ ၆.၆၇ လက်မ E4 AMOLED FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate , 1,300 nits Peak Brightness , HDR10+ နဲ့ Dolby Vision တွေ ထောက်ပံ့ထားပါတယ်။ အနောက်ဘက်ဟာ အရောင်တောက်ပြောင်တဲ့ ဒီဇိုင်း ဖြစ်ပြီး လေးထောင့် ကင်မရာ အကွက် ပါပါတယ်။ ပါဝါခလုတ်ကို လက်ဗွေရာ ကိရိယာ အဖြစ်သုံးနိုင်ပြီး IP53 ရေစိုခံစံနှုန်း ပါပါတယ်။

Poco X4 GT arrives with Dimensity 8100, Poco F4 brings an SD870

အနောက်ဘက်မှာ 64MP Main (OIS), 8MP Wide-angle , 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 20MP ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ Snapdragon 870 Chipset မောင်းနှင်ထားပြီး 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage ပါပါတယ်။ LiquidCool 2.0 အပူလျှော့ချပေးတဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ 67W Fast Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ပါလာပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။

Poco X4 GT arrives with Dimensity 8100, Poco F4 brings an SD870

POCO F4 5G ရဲ့ 6/128GB ကို ၂၇,၉၉၉ ရူပီး၊ 8/128GB ကို ၂၉,၉၉၉ ရူပီး နဲ့ 8/256GB ကို ၃၃,၉၉၉ ရူပီး သတ်မှတ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၆၆၀,၀၀၀ ဝန်းကျင် ကျသင့်ပါတယ်။ Nebula Green နဲ့ Night Black ၂ ရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ဒီလ ၂၇ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina

%d bloggers like this: