Microsoft က ကြေညာမှု မရှိဘဲ Windows 10 , 11 OS Image တွေနဲ့ Media Creation Tool Utility ကို ရုရှားတွေ Download လုပ်လို့ မရအောင်ပိတ်ပင်လိုက်ပါတယ်။ Microsoft က ဒီ သတင်းနဲ့ ပတ်သက်ပြီး ဘာမှ မပြောသေးပါဘူး။ ဒါပေမယ့် User တွေဟာ IP လိပ်စာနဲ့ Website ရဲ့ ဘာသာစကားကို ပြောင်းလဲခြင်းဖြင့် ကန့်သတ်ချက်ကို ကျော်လွှားလို့ရနိုင်မယ်လို့ထင်ပါတယ်။
Microsoft က မတ်လ အစောပိုင်းမှာ ရုရှားမှာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှု ရောင်းချတာ ရပ်နားတဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ၃ လအကြာမှာ ဒေသခံ ဝန်ထမ်း ၄၀၀ ကျော်ကို လျှော့ချဖို့ ကြေညာခဲ့ပါတယ်။ အခုလို Windows နဲ့ Media Creation Tool တို့ကို Download လုပ်ခွင့် မပေးတော့ခြင်းဟာ နောက်ဆက်တွဲ ပိတ်ဆို့အရေးယူမှုတွေ ဖြစ်နိုင်ပါတယ်။ Windows Image နဲ့ Utility ကို Download လုပ်တဲ့အခါမှာ 404 Error Message ပေါ်လာပါတယ်။
Microsoft အပြင် Intel နဲ့ IBM တို့ကလည်း ရုရှားမှာ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေ ရောင်းချတာ ရပ်နားထားပါတယ်။ ရုရှားတွေဟာ အခမဲ့ ဓါတ်ပုံ Library တွေ ဖြစ်တဲ့ Pixabay နဲ့ Pexels တို့ကိုလည်း အသုံးပြုလို့ မရတော့ပါဘူး။
Ref : gizchina