၂၀၂၁ ခုနှစ် အစောပိုင်းမှာ Tesla ဟာ ဒေါ်လာ ၁.၅ ဘီလီယမ်ဖိုး Bitcoin မှာ ရင်းနှီးမြှပ်နှံခဲ့ပြီး လျှပ်စစ်ကား အသစ်တွေအတွက် Bitcoin နဲ့ ငွေပေးချေခွင့်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ Bitcoin ဟာ သဘာဝ ပတ်ဝန်းကျင်ကို ပျက်ဆီးစေတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် ကားတွေကို Bitcoin နဲ့ ရောင်းချတာကို ရပ်နားခဲ့ပါတယ်။
ဒီနှစ် အစောပိုင်းမှာ Tesla ဟာ Bitcoin ကို ဒေါ်လာ ၂ ဘီလီယမ်ဖိုးအထိ တိုးချဲ့ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ အခုတော့ Bitcoin တန်ဖိုး ကျဆင်းလာတဲ့အတွက် Tesla ရဲ့ Bitcoin တန်ဖိုးဟာ ဒေါ်လာ ၉၀၅ သန်းပဲ ရှိပါတော့တယ်။ အနည်းဆုံး အနေနဲ့တွက်မယ်ဆိုရင် ကုမ္ပဏီဟာ ဒေါ်လာ သန်း ၆၀၀ နီးပါး ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။
အမေရိကန်မှာ ငွေကြေးဖောင်းပွမှုတွေ စံချိန်တင် မြင့်တက်နေတဲ့ကြားထဲ Cryptocurrency တန်ဖိုးတွေပါ ကျဆင်းနေပါတယ်။ ကျွမ်းကျင်သူတွေက လက်ရှိ Bitcoin ဈေးနှုန်း ဒေါ်လာ ၂၀,၀၀၀ ထက် ထပ်ကျနိုင်သေးတယ်လို့ သုံးသပ်ပြီး ငွေကြေးဖောင်းပွဲမှု မြင့်မားလာတာနဲ့ Bitcoin ဈေးပိုကျလာမယ်လို့ ပြောပါတယ်။ Bitcoin တန်ဖိုးဟာ ဒီနှစ်ကုန်မှာ ဒေါ်လာ ၈,၀၀၀ ကနေ ၁၅,၀၀၀ အတွင်း ကျဆင်းသွားနိုင်တယ်လို့ တွက်ချက်ထားကြပါတယ်။
Ref : gizchina