Sony ဟာ စမတ်ဖုန်း နယ်ပယ်မှာ နာမည်မကြီးပေမယ့် အကောင်းဆုံး ကင်မရာ လုပ်ဆောင်ချက်တွေပါတဲ့ စွမ်းရည်မြင့် စမတ်ဖုန်း တချို့ကို ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ Sony က စမတ်ဖုန်း ကင်မရာတွေရဲ့ အနာဂတ်ကို ဟောကိန်းထုတ်လိုက်ပါတယ်။
Sony ဟာ သူ့ရဲ့ အံ့မခန်း နည်းပညာတွေကြောင့် လာမယ့်နှစ်အနည်းငယ်အတွင်း စမတ်ဖုန်း ကင်မရာတွေဟာ DSLR နဲ့ Mirrorless ကင်မရာတွေရဲ့ စွမ်းရည်ထက် ပိုမို သာလွန်လာမယ်လို့ ယုံကြည်ထားတယ်လို့ Nikkei က ပြောပါတယ်။
Sony Semiconductor Solutions (SSS) ရဲ့ ဥက္ကဌနဲ့ စီအီးအို Terushi Shimizu က လာမယ့် နှစ်အနည်းငယ်အတွင်း ရုပ်သေ ဓါတ်ပုံတွေဟာ Single-lens Reflex ကင်မရာတွေရဲ့ ဓါတ်ပုံ အရည်အသွေးကို ကျော်လွန်သွားမယ်လို့ ပြောပါတယ်။ Presentation အရ ၂၀၂၄ ခုနှစ်မှာ စမတ်ဖုန်းတွေဟာ ILC ဓါတ်ပုံ အရည်အသွေးကို ကျော်လွန်နိုင်မယ်လို့ သိရပါတယ်။
စမတ်ဖုန်း ကင်မရာတွေရဲ့ အရည်အသွေးဟာ အရင်ကတော့ ကန့်သတ်ချက်တွေရှိပေမယ့် လက်ရှိမှာ စွမ်းဆောင်ရည် တော်တော်ကောင်းလာပါပြီ။ အနာဂတ်မှာတော့ စမတ်ဖုန်း ကင်မရာတွေဟာ DSLR ကင်မရာတွေထက် ဘယ်လို ပိုကောင်းလာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။
Ref : gizmochina