iPhone ဈေးနှုန်းဟာ နောက် ၁၀ နှစ်မှာ သိန်း ၁၀၀ ကျော်သွားနိုင်

စမတ်ဖုန်းတွေရဲ့ ပျမ်းမျှဈေးနှုန်းဟာ နှစ်တိုင်း တက်လာပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်တုန်းက ဖုန်း ၁ လုံးကို ဒေါ်လာ ၁၀၀၀ ပေးဝယ်ရမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။ အခုတော့ ဒါဟာ တကယ် ဖြစ်လာပါပြီ။ Foldable နဲ့ စွမ်းရည်မြင့် ဖုန်းတွေဟာ ဒေါ်လာ ၁၀၀၀ ရှိလာပြီ ဖြစ်ပြီး တချို့ဆိုရင် ဒေါ်လာ ၂၀၀၀ ကျော်ပါတယ်။

iPhone 13 Pro Max Flagship iPhones

Mozillion က ၂၀၃၂ ခုနှစ်မှာ စွမ်းရည်မြင့် iPhone ရဲ့ ဈေးဟာ ဒေါ်လာ ၆၀၀၀ ကျော်သွားမယ်လို့ ပြောတဲ့အတွက် မြန်မာငွေ သိန်း ၁၀၀ ကျော်မှာပါ။ ဖုန်းတွေကို ဈေးတိုးမြှင့်ရောင်းချတဲ့ အဓိက လက်သည်က Apple ပါ။ Apple ဟာ ၂၀၁၇ ခုနှစ်က iPhone X ကို ၉၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး အဲဒီလောက် ဈေးကြီးကြီးနဲ့ ရောင်းတဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ iPhone X ထွက်လာပြီးနောက်မှာ Samsung , Sony တို့ကလည်း အလားတူ ဈေးနှုန်းရှိတဲ့ ဖုန်းတွေကို ရောင်းချခဲ့ပါတယ်။ တန်ဖိုးနည်း ဖုန်းတွေ ရောင်းချတဲ့ OPPO နဲ့ Xiaomi တို့လို တရုတ် ကုမ္ပဏီတွေဟာလည်း အဲဒီ လမ်းစဉ်ကို လိုက်ခဲ့ပါတယ်။

Apple iPhone 13 and iPhone 13 Mini Review: Time to Upgrade | WIRED

Mozillion က လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းက ဖုန်းဈေးနှုန်းတွေကို အခြေခံကာ နောက် ၁၀ နှစ်အတွင်း ဖုန်းဈေးနှုန်းတွေကို ခန့်မှန်းထားတာပါ။ ၂၀၁၂ ခုနှစ်ထုတ် iPhone 5 ကို ၁၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပြီး ၂၀၂၁ ခုနှစ်ထုတ် iPhone 13 Pro Max ကို ၁၀၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့ပါတယ်။ ဈေးနှုန်းဟာ ၄၅၂ ရာခိုင်နှုန်းတောင် တက်သွားတာပါ။ ဒီအတိုင်းတက်မယ်ဆိုရင် ၂၀၃၂ ထုတ် iPhone ရဲ့ ဈေးဟာ ဒေါ်လာ ၆,၀၆၉ ဖြစ်သွားနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: