အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနှင်နိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကား

Lightyear က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကား Lightyear 0 ကို ပြသလိုက်ပါတယ်။ အဲဒီကားရဲ့ ခေါင်မိုးမှာ ၅ စတုရန်းမီတာ Solar Array တွေ တပ်ဆင်ထားပြီး အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနှင်နိုင်ပါတယ်။

Chief Designer နဲ့ Co-founder ဖြစ်သူ Koen van Ham က Lightyear 0 ဟာ နေရောင်ခြည် ၁ ရက်ရရုံနဲ့ ၇၀ ကီလိုမီတာ မောင်းနိုင်တယ်လို့ ပြောပါတယ်။ သူက လူအများစုဟာ နွေရာသီမှာ အားသွင်းစရာ မလိုဘဲ လနဲ့ချီ မောင်းနိုင်တယ်လို့ ပြောပါတယ်။

၁ ခါအားသွင်းထားရင် နယ်သာလန်မှာ နေသူတွေဟာ ၂ လ သို့မဟုတ် ၁၃၀၄ မိုင်နဲ့ ပေါ်တူဂီမှာ နေသူတွေဟာ ၇ လ သို့မဟုတ် ၄၆၀၀ မိုင် မောင်းနိုင်မှာ ဖြစ်ပါတယ်။ Lightyear 0 ကို နေအိမ်က အားသွင်း ပလက်ပေါက်တွေကနေ အားသွင်းနိုင်ပြီး ၁ နာရီ အားသွင်းရင် ၁၉.၈ မိုင် မောင်းနှင်နိုင်ပါတယ်။

အဲဒီကားကို အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီ ဖြစ်တဲ့အတွက် လမ်းမတွေပေါ်မှာ မြင်ရဖို့ သိပ်မကြာတော့ပါဘူး။

Ref : tnw

%d bloggers like this: