Xiaomi က နာမည်ကြီး အစားအစာ ကုမ္ပဏီ ၁ ခုနဲ့ ပူးပေါင်းလိုက်ပါတယ်။ McDonald နဲ့ပူးပေါင်းလိုက်တာ ဖြစ်ပြီး Redmi Note 11 Series စမတ်ဖုန်း ဝယ်ယူသူတွေကို ဘာဂါ အခမဲ့ ကျွေးမှာ ဖြစ်ပါတယ်။
ဒီကြေညာချက်ကို Xiaomi Turkey က ကြေညာလိုက်တာပါ။ တူရကီ ပြင်ပက နိုင်ငံတွေမှာလည်း အဲဒီ အစီအစဉ် အကောင်အထည် ပေါ်လာမလားဆိုတာ မသိရသေးပါဘူး။ ကုမ္ပဏီ ၂ ခု ပူးပေါင်းမှုကို ဒီတစ်ပတ် အစောပိုင်းက ကြေညာလိုက်တာ ဖြစ်ပြီး Xiaomi ဟာ တူရကီ အကောင့်ကနေ အင်စတာဂရမ်မှာ ဒီသတင်းကို မျှဝေထားပါတယ်။
လက်ရှိ တူရကီမှာ Redmi Note 11 Series ဖုန်း ဝယ်ယူသူတွေဟာ McDonald Coupon ကို ရရှိမှာ ဖြစ်ပြီး အဲဒီ Coupon ကို McChicken အခြေပြု မီနူး ဖြစ်တဲ့ ဘာဂါ ၂ လုံး၊ Ice Cream Sundae တို့နဲ့ လဲလှယ်နိုင်မှာပါ။ လက်ရှိမှာ အဲဒီ အစီအစဉ်ကို တူရကီမှာ ဘယ်နေ့အထိ ပြုလုပ်ပေးမလဲဆိုတာ မသိရသေးပါဘူး။
တူရကီ ပြင်ပက နိုင်ငံတွေမှာလည်း အဲဒီ အစီအစဉ်ကို ပြုလုပ်ပေးမယ်ဆိုရင် ဝမ်းသာစရာ ဖြစ်ပါတယ်။
Ref : gizmochina