ရုရှားမှာ လုပ်ငန်းတွေ ရပ်နားလိုက်တဲ့ IBM

ရုရှားမှာ လုပ်ငန်းတွေ ရပ်နားလိုက်တဲ့ ကုမ္ပဏီတွေ တော်တော်များလာပါပြီ။ ယူကရိန်းကို ကျူးကျော်တဲ့အတွက် အမေရိကန်ဟာ သူ့ နည်းပညာ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ရုရှားက အသုံးပြုလို့မရအောင် ပြုလုပ်နေပါတယ်။

IBM russia

အခုတော့ IBM ကလည်း ရုရှားမှာ လုပ်ငန်းတွေ ရပ်နားလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ IBM ရဲ့ CEO Arvind Krishna က အခုလို ကြေညာလိုက်တာ ဖြစ်ပြီး ကုမ္ပဏီရဲ့ ရုရှား ဝက်ဘ်ဆိုက်မှာ Content is no longer available လို့ ရေးသားထားပါတယ်။

IBM ဟာ မတ်လ အစောပိုင်းက ရုရှားမှာ လုပ်ငန်းတွေ ယာယီ ရပ်နားမှာ ဖြစ်ပြီး ရုရှား ကုမ္ပဏီတချို့နဲ့ ပူးပေါင်း အလုပ်လုပ်တာကို အဆုံးသတ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

IBM ဟာ ကွန်ပြူတာ နယ်ပယ်မှာ ဆယ်စုနှစ်များစွာကြာ ထိပ်တန်းက ဦးဆောင်တဲ့ ကုမ္ပဏီ ၁ ခု ဖြစ်ပြီး နယူးယောက်က Armonk မှာ ရုံးချုပ်တည်ရှိပါိတယ်။ IBM ရဲ့ အဓိက ဖောက်သည်တွေက အစိုးရနဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

IBM ဟာ ကွန်ပြူတာ Hardware, Middleware နဲ့ Software တွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကုမ္ပဏီ ဖြစ်ပြီး အခုတော့ ရုရှားကို လက်ပြနှုတ်ဆက်သွားပါပြီ။

Ref : gizchina

%d bloggers like this: