Apple က M2 Chip ပါတဲ့ MacBook Air ကို ကြေညာ

Apple က WWDC မှာ M2 Chipset အသစ်ကို ကြေညာလိုက်ပြီး အဲဒီ Chipset ပါတဲ့ MacBook Air အသစ်ကိုပါ ချပြလိုက်ပါတယ်။ လက်ပ်တော့မှာ ၁၃.၃ လက်မ အစား ၁၃.၆ လက်မ မျက်နှာပြင် တပ်ဆင်ထားပြီး 500 Nits Brightness ထောက်ပံ့ထားပါတယ်။

Apple MacBook Air 2022 Features

မျက်နှာပြင်ဟာ အရင်မျိုးဆက်ထက် ၂၅ ရာခိုင်နှုန်း ပိုမို တောက်ပပြီး 1 Billion Color ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီဇိုင်းက အရင်နှစ်ထုတ် ၁၄ လက်မနဲ့ ၁၆ လက်မ MacBook Pro နဲ့ တော်တော်တူပါတယ်။ M2 Processor ကြောင့် Final Cut Pro စွမ်းဆောင်ရည်ဟာ ၄၀ ရာခိုင်နှုန်း နီးပါးနဲ့ Photoshop ဟာ ၂၀ ရာခိုင်နှုန်း ပိုမြန်လာတယ်လို့ Apple က ပြောပါတယ်။

ဘယ်ဘက်ခြမ်းမှာ Thunderbolt Port ၂ ခု၊ Headphone Jack တွေ တပ်ဆင်ထားပြီး အားသွင်းဖို့အတွက် MagSafe Connector ကို ထောက်ပံ့ပါတယ်။ ဒါပေမယ့် HDMI နဲ့ SD Card Reader တို့လို Port တချို့ မပါလာပါဘူး။

1080p ကင်မရာ၊ စပီကာ ၄ လုံးနဲ့ မိုက်ကရိုဖုန်း ၃ လုံး ထည့်သွင်းထားပြီး Dolby Atmos Spatial Audio ကို ထောက်ပံ့ပါတယ်။ Magic Keyboard မှာ Function Key အပြည့် Row ၁ ခု၊ Touch ID နဲ့ Force Touch Trackpad တွေ ပါပါတယ်။

၁၁.၃ မီလီမီတာ အထူရှိပြီး အလေးချိန်က ၂.၇ ပေါင် ရှိပါတယ်။ ကုမ္ပဏီက ဗီဒီယို ကြည့်ရင် ၁၈  နာရီအထိ အသုံးခံပြီး 67Watt Power Adapter က ၃၀ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်တယ်လို့ ပြောပါတယ်။

Silver, Space Gray, Midnight နဲ့ Starlight ၄ ရောင် ထုတ်လုပ်ထားပြီး နောက်လမှာ ရောင်းမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၁၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၂၂ သိန်း တန်ကြေးရှိပါတယ်။

Ref : gizmochina

%d bloggers like this: