အရမ်းမြန်တဲ့ Download Speed ရပြီ ဖြစ်တဲ့ Starlink ဂြိုလ်တု အင်တာနက်

Elon Musk ရဲ့ SpaceX ဟာ ဂြိုလ်တုတွေကနေ အင်တာနက် ထုတ်လွှင့်ပေးတဲ့ Starlink ဝန်ဆောင်မှုကို နိုင်ငံတချို့မှာ ပြုလုပ်ပေးနေပါတယ်။ အခုတော့ အမေရိကန်က Starlink ဂြိုလ်တု အင်တာနက်ရဲ့ အမြန်နှုန်းဟာ ပိုမို မြင့်မားလာပါပြီ။

starlink download speed

Reddit User ၁ ယောက်က Starlink ဂြိုလ်တု အင်တာနက်ရဲ့  Speed ကို စမ်းသပ်ထားတဲ့ ရလဒ် Screenshot ကို မျှဝေထားပါတယ်။ Download Speed က 301 Mbps တောင် ရှိတဲ့အတွက် အရမ်းကို မြန်ဆန်ပါတယ်။ အဲဒီ User ဟာ ဝေးလံခေါင်ဖျားတဲ့ Wisconsin မှာ နေထိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် Starlink ဂြိုလ်တု အင်တာနက်ဟာ Upload Speed နဲ့ Latency အပိုင်းမှာ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်။ Upload Speed ဟာ 20.5 Mbps နဲ့ Latency ဟာ 78 Milliseconds ပဲရှိသေးတာကို Screenshot မှာ မြင်ရပါတယ်။

Starlink ဟာ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ ဂြိုလ်တုတွေနဲ့ အင်တာနက် ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ကမ္ဘာမြေရဲ့ ဝေးလံခေါင်ဖျားပြီး အင်တာနက်လိုင်း မမိတဲ့ နေရာဒေသတွေကိုတောင် အင်တာနက် ထုတ်လွှင့်ပေးနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: