ရုရှားနဲ့ ဘီလာရုစ်ကို Chip ရောင်းချမှု ပိတ်ပင်လိုက်တဲ့ ထိုင်ဝမ်

ထိုင်ဝမ်ဟာ ရုရှားနဲ့ ဘီလာရုစ်ကို နောက်ဆုံးပေါ် Chip တွေ ရောင်းချမှုကို ပိတ်ပင်လိုက်ပါတယ်။ အစိုးရက ရုရှားဟာ ယူကရိန်းကို ကျူးကျော်တဲ့အတွက် အခု ဆုံးဖြတ်ချက်ကို ချလိုက်တာပါ။

Taiwan

Taiwanese Ministry of Economic Affairs (MOEA) က ရုရှားနဲ့ ဘီလာရုစ်ကို မရောင်းချမယ့် နည်းပညာမြင့် ထုတ်ကုန် စာရင်းကို ဒီတစ်ပတ် အစောပိုင်းက ထုတ်ပြန်လိုက်ပါတယ်။ ရုရှားကို ကူညီနေတာကြောင့် ဘီလာရုစ်ကိုပါ ပိတ်ပင်လိုက်တာလို့ ဝန်ကြီးဌာနက ပြောပါတယ်။ အဲဒီ ၂ နိုင်ငံက ကုမ္ပဏီတွေဟာ Microprocessor နဲ့ Microcircuit တို့လို Semiconductor ထုတ်ကုန်တွေကို ထိုင်ဝမ်ဆီကနေ ဝယ်ယူလို့ မရတော့ပါဘူး။

Taiwan

ခေတ်ပေါ် Chipset တွေအပြင် ထိုင်ဝမ်က Chip ထုတ်လုပ်တဲ့ ကိရိယာတွေကိုလည်း အဲဒီ ၂ နိုင်ငံကို မရောင်းတော့ပါဘူး။ အဲဒီအတွက် ရုရှားနဲ့ ဘီလာရုစ်ဟာ ကိုယ်ပိုင် Chip တွေ ထုတ်လုပ်နိုင်တဲ့ ကိရိယာတွေကို ထိုင်ဝမ် ကုမ္ပဏီတွေဆီကနေ ဝယ်လို့ မရတော့ပါဘူး။

Ref : gizmochina

%d bloggers like this: