Vivo ဟာ အံ့မခန်း အားသွင်းနှုန်းပါတဲ့ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီ အားသွင်းအမြန်နှုန်းက 200W ဖြစ်ပါတယ်။ Vivo ဟာ မကြာခင်က 80W Fast Charging ပါတဲ့ X80 နဲ့ X80 Pro ဖုန်း ၂ လုံးကို ကြေညာခဲ့ပါတယ်။
Vivo ဟာ 200W Flashcharge နည်းပညာကို မပြသရသေးပါဘူး။ လက်ရှိ ဈေးကွက်ထဲမှာ 30W ကနေ 150W ပါတဲ့ ဖုန်းများစွာ ပေါ်နေပါပြီ။ ဒါပေမယ့် 200W ပါတဲ့ ဖုန်းကိုတော့ ရောင်းချခြင်း မရှိသေးပါဘူး။
Xiaomi ဟာ 200W HyperCharge Fast Charging နည်းပညာကို ပြသထားပြီး စီးပွားဖြစ်ရောင်းဖို့ အဆင်သင့် မဖြစ်သေးပါဘူး။ ဒီ အားသွင်းနှုန်းက 4,000mAh ဘက်ထရီကို ၈ မိနစ်အတွင်း အားသွင်းပေးနိုင်တာက လက်ဖျားခါလောက်ပါတယ်။
Vivo အကြောင်းပြန်ဆက်ရရင် 200W Charging ပါတဲ့ စွမ်းရည်မြင့် ဖုန်းမှာ 20V/10A Adapter ထည့်သွင်းထားမှာပါ။ Backward Compatible ဖြစ်တဲ့အတွက် 120W, 80W, 65W Charging Rate တွေကို ထောက်ပံ့ပါတယ်။ Vivo ရဲ့ ဖုန်းမှာ 4,000mAh ဘက်ထရီ ပါမယ်လို့ သိရပါတယ်။
Ref : indiatoday