Xiaomi က Software Update မရတော့မယ့် Device ၁၀ လုံးကို ကြေညာ

Xiaomi က Software Update မရတော့မယ့် Device ၁၀ လုံးကို ကြေညာလိုက်ပါတယ်။ အဲဒီ Device တွေဟာ Firmware နဲ့ Security တွေကို လုံးဝ မရတော့ပါဘူး။

Redmi Note 7 launched: A 48MP main camera for $150? (Updated)

အဲဒီ Device တွေဟာ အနည်းဆုံး သက်တမ်း ၂ နှစ်ရှိပြီး အနည်းဆုံး Android Update ၁ ကြိမ်ရထားပြီးသား ဖြစ်ပါတယ်။ အဲဒီ Device ၁၀ လုံးက Redmi K20, Redmi Note 7, Redmi Note 7S, Redmi Note 7 Pro, and Redmi 7. Others are the Redmi Y3, Mi Pad 4, Mi Pad 4 Plus, Mi Play နဲ့ Mi 9 SE တို့ ဖြစ်ပါတယ်။

Mi Pad 4 and Mi Pad 4 Plus

Xiaomi ဟာ အဲဒီ Device တွေရဲ့ လုံခြုံရေး ဟာကွက်တွေကို ပြင်ဆင်ပေးတော့မှာ မဟုတ်ပါဘူး။ Redmi Note 7 Series ကို ရောင်းချထားတာ ၃ နှစ်ရှိပြီ ဖြစ်ပြီး Android OS Update ၁ ကြိမ်ပဲရထားပါသေးတယ်။ Redmi K20 ထွက်နေတာ‌တော့ ၃ နှစ်လောက် ရှိပါပြီ။

အဲဒီ Device တွေဟာ နောက်ဆုံးထုတ် MIUI 13 ကို မရတော့ပါဘူး။ Android ကုမ္ပဏီ အများစုဟာ Device ၁ လုံးအတွက် အများဆုံး ၂ နှစ်အထိ Firmware Update ကို ထုတ်လုပ်ပေးတတ်ကြပါတယ်။

Ref : gizmochina

%d bloggers like this: