120Hz OLED မျက်နှာပြင်ပါတဲ့ Honor 70 Pro နဲ့ Honor 70 Pro Plus ကို ကြေညာ

Honor က တရုတ်မှာ 70 Pro နဲ့ 70 Pro Plus ကို ကြေညာလိုက်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးဟာ ဒီဇိုင်း တူညီပြီး Specs အပိုင်းမှာ အနည်းငယ် ကွဲပြားမှု ရှိပါတယ်။

Honor 70 Pro and 70 Pro+ unveiled with Dimensity 9000 and 8000, 54MP main cameras

Honor 70 Pro နဲ့ Pro Plus မှာ BOE က ထုတ်တဲ့ ၆.၇၈ လက်မ 10-bit OLED မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ ရိုးရိုးမှာ FHD+ နဲ့ Pro Plus မှာ QHD+ Resolution ပါပါတယ်။ မျက်နှာပြင်ကွေး‌တွေ ဖြစ်ပြီး လက်ဗွေရာ ကိရိယာမြှပ်နှံထားကာ အလယ်မှာ Punch Hole တပ်ဆင်ထားပါတယ်။

Honor 70 Pro and 70 Pro+ unveiled with Dimensity 9000 and 8000, 54MP main cameras

Pro နဲ့ Pro Plus တို့ရဲ့ အနောက်ဘက်မှာ 54MP နဲ့ 50MP Main ကင်မရာတွေကို အသီးသီး တပ်ဆင်ထားပါတယ်။ Main ကင်မရာကို 50MP Wide-angle , 8MP Telephoto ကင်မရာတွေနဲ့ တွဲဖက်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 50MP အရှေ့ ကင်မရာတွေ ပါပါတယ်။

Honor 70 Pro and 70 Pro+ unveiled with Dimensity 9000 and 8000, 54MP main cameras

Pro မှာ Dimensity 8000 နဲ့ Pro Plus မှာ Dimensity 9100 SoC တွေ မောင်းနှင်ထားပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 12GB LPDDR5 RAM နဲ့ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပြီး 100W Fast Charging ပါတဲ့ 4,600mAh ဘက်ထရီ ပါပါတယ်။ Android 12 အခြေပြု MagicUI 6.1 မောင်းနှင်ထားပါတယ်။

Honor 70 Pro 8/256GB နဲ့ 12/256GB ကို ၃,၆၉၉ ယွမ်နဲ့ ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ 12/512GB က ၄,၃၉၉ ယွမ် ကျသင့်ပါတယ်။ Honor 70 Pro Plus 8/256GB ကို ၄,၂၉၉ ယွမ်နဲ့ 12/256GB ကို ၄,၅၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gizmochina

%d bloggers like this: