တရုတ် စစ်တပ်က  Elon Musk ရဲ့ Starlink ဂြိုလ်တုတွေကို ဖျက်ဆီးနိုင်တယ်လို့ ပြော

တရုတ် စစ်တပ်ရဲ့ သုတေသန ပညာရှင်တွေက နိုင်ငံလုံခြုံရေးကို ခြိမ်းခြောက်ရင် SpaceX ရဲ့ Starlink ဂြိုလ်တုတွေကို ဖျက်ဆီးနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဲဒီ သုတေသနလုပ်ငန်းကို PLA’s Strategic Support Force လက်အောက်က Beijing Institute of Tracking and Telecommunications မှ သုတေသနပညာရှင် Ren Yuanzhen က ဦးဆောင်နေပါတယ်။

Illustration of SpaceX's Starlink network of satellites.

Starlink ဟာ အဆင့်မြင့်မားတဲ့ ဂြိုလ်တု ဆက်သွယ်ရေး စီမံကိန်း ဖြစ်ပြီး ကမ္ဘာအဝန်းက လူသားတွေနဲ့ စစ်တပ်တွေအတွက် Broadband အင်တာနက် ဝန်ဆောင်မှုကို ပံ့ပိုးပေးနေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ Starlink ဂြိုလ်တု ၂ လုံးဟာ တရုတ် အာကာသ စခန်းနဲ့ တိုက်မိလုနီးပါး ဖြစ်ခဲ့တဲ့အတွက် စိုးရိမ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

elon musk spacex starlink global satellite internet network earth globe orbits getty business insider 4x3

Ren က အမေရိကန် စစ်တပ်ရဲ့ ဒရုန်းနဲ့ကိုယ်ပျောက် တိုက်လေယာဉ်တွေဟာ Starlink ဆက်သွယ်မှုနဲ့ဆိုရင် ဒေတာ ပေးပို့မှုအမြန်နှုန်းဟာ အဆ ၁၀၀ ကျော် ပိုမြန်လာမယ်လို့ တွက်ချက်ထားပါတယ်။ SpaceX ဟာ Starlink ပလက်ဖောင်းကို အခြေပြုထားတဲ့ နည်းပညာအသစ်တွေ ဖန်တီးဖို့ အမေရိကန် ကာကွယ်ရေး ဌာနနဲ့သဘောတူညီမှု ရထားပါတယ်။ အဲဒီအတွက် တရုတ်က Starlink ဂြိုလ်တုတွေမှာ လက်နက်တွေ တပ်ဆင်လာမှာကို စိုးရိမ်နေပါတယ်။

တရုတ်ဟာ ဆက်သွယ်မှုတွေကို ဖျက်နိုင်တာနဲ့ အီလက်ထရောနစ် အစိတ်အပိုင်းတွေကို မီးလောင်စေနိုင်တာ အပါအဝင် ဂြိုလ်တုတွေကို တိုက်ဖျက်နိုင်တဲ့ နည်းပညာတွေကို ဖန်တီးနေပါတယ်။

Ref : businessinsider

%d bloggers like this: