Xiaomi Redmi Note 11T Pro နဲ့ Pro+ ကို ကြေညာပြီ

Xiaomi က တရုတ်မှာ Redmi Note 11T Pro နဲ့ Pro+ ကို ကြေညာလိုက်ပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ ၆.၆ လက်မ IPS LCD FHD+ မျက်နှာပြင်တွေ တပ်ဆင်ထားပြီး 144Hz Refresh Rate ထောက်ပံ့ထားကာ ဘက်ထရီစားတာ သက်သာချင်ရင် 30Hz အထိ လျှော့ချနိုင်ပါတယ်။

Redmi Note 11T Pro/Pro+

မျက်နှာပြင်အလယ်မှာ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 64MP Samsung ISOCELL GW1 Sensor , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ MediaTek Dimensity 8100 Chipset မောင်းနှင်ထားပြီး 8GB LPDDR5 RAM အထိ ရွေးချယ်နိုင်ပါတယ်။ 256/512GB UFS 3.1 Storage ပါလာပြီး Android 12 အခြေပြု MIUI 13 မောင်းနှင်ထားပါတယ်။

Xiaomi Redmi Note 11T Pro and Pro+ unveiled in China, Note 11 SE tags along

ဖုန်း ၂ လုံးရဲ့ အဓိက ကွာခြားချက်က ဘက်ထရီ ပမာဏနဲ့ အားသွင်းနှုန်း ဖြစ်ပါတယ်။ Note 11T Pro မှာ ပိုမိုကြီးမားတဲ့ 5080mAh ဘက်ထရီနဲ့ 67W Fast Charging ပါလာပြီး Pro+မှာ 4400mAh ဘက်ထရီနဲ့ 120W Fast Charging ထည့်ထားပါတယ်။

Xiaomi Redmi Note 11T Pro and Pro+ unveiled in China, Note 11 SE tags along

Xiaomi က Pro+ ကို ၁၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းနိုင်တယ်လို့ ပြောပြီး ဖုန်း ၂ လုံးစလုံးမှာ IP53 စံနှုန်းနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားပါတယ်။ Atomic Silver, Time Blue နဲ့ Midnight Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Redmi Note 11T Pro ရဲ့ 6/128GB ကို ၁,၇၉၉ ယွမ်နဲ့ 8/256GB ကို ၂,၁၉၉ ယွမ် သတ်မှတ်ထားပါတယ်။ Note 11T Pro+ ရဲ့ 8/128GB ကို ၂,၀၉၉ ယွမ်နဲ့ 8/512GB ကို ၂,၄၉၉ ယွမ် သတ်မှတ်ထားပါတယ်။

Ref : gsmarena

%d bloggers like this: