မောင်းသူမဲ့ ကားတွေကို မိုင်ယာမီနဲ့ အော်စတင်မှာ စမ်းသပ်နေတဲ့ Argo AI

Ford နဲ့ Volkswagen တို့ ရင်းနှီးမြှပ်နှံထားတဲ့ Argo AI ဟာ စောင့်ကြည့်စစ်ဆေးသူ ဝန်ထမ်း မပါဘဲ မောင်းသူမဲ့ ကားတွေကို စမ်းသပ်ခွင့်ရသွားပါတယ်။ ကုမ္ပဏီက မောင်းသူမဲ့ ကားတွေကို Miami, Florida,  Austin, Texas တို့မှာ စမ်းသပ်နေတယ်လို့ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့ပါတယ်။ မောင်းသူမဲ့ တက္ကစီတွေကို အများပြည်သူ စီးနင်းနိုင်တဲ့ ဝန်ဆောင်မှု မစတင်ခင်မှာ Argo ရဲ့ ဝန်ထမ်းတွေက ခရီးသည် ထိုင်ခုံမှာ လိုက်ပါကာ စမ်းသပ် စီးနင်းကြမှာ ဖြစ်ပါတယ်။

Argo ဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း စတုတ္ထမျိုးဆက် မောင်းသူမဲ့ ကားတွေကို  Miami, Austin,  Washington, DC, Pittsburgh, Detroit,  California တို့မှာ စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ ပဌ္စမမျိုးဆက် မောင်းသူမဲ့ ကားတွေနဲ့ ဂျာမနီမှာ ကုန်ပစ္စည်း ပို့ဆောင်ပေးဖို့ ပြင်ဆင်နေပါတယ်။ Waymo , Cruise နဲ့ Motional တို့ပြီးနောက်မှာ စောင့်ကြည့်စစ်ဆေးသူ ဝန်ထမ်း မပါဘဲ မောင်းသူမဲ့ ကားတွေကို စမ်းသပ်ခွင့်ရသွားတဲ့ ကုမ္ပဏီဟာ Argo ဖြစ်လာပါတယ်။

ဒါပေမယ့် Argo က မြို့နှစ်မြို့မှာ မောင်းသူမဲ့ ကားတွေကို တစ်ပြိုင်နက် စမ်းသပ်ခွင့်ရသွားတဲ့ ပထမဆုံး ကုမ္ပဏီလို့ ပြောပါတယ်။ သူတို့ရဲ့ ကားတွေကို နေ့လည်ဘက်မှာ စမ်းသပ်ခွင့်ရထားပြီး Cruise ရဲ့ ကားတွေကိုတော့ ညဘက်ပဲ စမ်းသပ်ခွင့်ရထားပါတယ်။

Ref : theverge

%d bloggers like this: