Samsung ရဲ့ Foldable ဖုန်း ကိုင်ထားတဲ့ Bill Gates

Microsoft တည်ထောင်သူ Bill Gates ဘယ်ဖုန်း ကိုင်ထားသလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းမှာပါ။ သူကိုင်ထားတာ Microsoft က အရင်နှစ်နှောင်းပိုင်းက ထုတ်လုပ်ထားတဲ့ Surface Duo မဟုတ်ပါဘူး။

Reddit ရဲ့ Ask Me Anything အစီအစဉ်မှာ သူက Samsung ရဲ့ Foldable ဖုန်း ဖြစ်တဲ့ Galaxy Z Fold3 ကို ကိုင်ထားတယ်လို့ ပြောပါတယ်။ သူက ခေါက်ချိုုးလို့ရတဲ့ ဖုန်း ဖြစ်တာကြောင့် သယ်ဆောင်ရလွယ်ကူသလို Portable PC လိုပါ အသုံးပြုနိုင်တယ်လို့ ပြောပါတယ်။

Смартфон Samsung Galaxy Z Fold3 5G 512 ГБ серебристый купить на фирменном сайте galaxystore в Москве, цены на мобильный телефон Смартфон Samsung Galaxy Z Fold3 5G 512 ГБ серебристый

Microsoft နဲ့ Samsung တို့ရဲ့ ပူးပေါင်းထားမှုကြောင့် Bill Gates ဟာ Samsung ရဲ့ စမတ်ဖုန်းကို ကိုင်နေတာ ဖြစ်နိုင်ပါတယ်။ Galaxy Device တွေကို Windows ကွန်ပြူတာတွေနဲ့ တွဲဖက် အသုံးပြုလို့ ကောင်းအောင် ဖန်တီးထားကြပါတယ်။ Phone Link လုပ်ဆောင်ချက်က ကွန်ပြူတာမှာ Android App တွေကို Run လို့ရအောင်နဲ့ ဖုန်းက ဓါတ်ပုံတွေကို ကွန်ပြူတာမှာ ကြည့်လို့ရအောင် ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် Clipboard ကိုလည်း ဖုန်းနဲ့ ကွန်ပြူတာ ၂ ခုစလုံးမှာ မျှဝေ အသုံးပြုလို့ရပါတယ်။

Z Fold3 ဟာ ဒီဇိုင်းလှတဲ့ Foldable ဖုန်း ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်က အလုံးရေ ၂.၅ သန်းကျော် ရောင်းချထားနိုင်ခဲ့ပါတယ်။ အနီးဆုံး ပြိုင်ဖက်က Huawei ရဲ့ Foldable  ဖုန်းတွေ ဖြစ်ပြီး Google Services မပါတဲ့ အားနည်းချက်တွေ ရှိလာတာကြောင့် Samsung က အသာစီးရနေပါတယ်။

Ref : androidpolice

%d bloggers like this: