Dimensity 8100 Chipset ပါတဲ့ Vivo S15 Pro ကို ကြေညာ

Vivo ဟာ ပြီးခဲ့တဲ့ လက S15e ကို ကြေညာခဲ့ပြီး အခုတော့ S15 Pro ကို ချပြလိုက်ပါပြီ။ Dimensity 8100 Chipset ပါတဲ့ Vivo ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး Chipset အပူချိန်ကို 1.2 Degree C အထိ လျှော့ချပေးနိုင်တဲ့ ဂိမ်း အဆင့် Cooling System ထည့်ထားတယ်လို့ ပြောပါတယ်။ Gaming Graphics Core Pro လို့ ခေါ်တဲ့ အပို Chip က Mali-G610 MC6 GPU ကို တည်ငြိမ်တဲ့ Frame Rate နဲ့ ဂိမ်းတွေ ကစားနိုင်အောင် ကူညီပေးနိုင်ပါတယ်။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

၆.၅၆ လက်မ AMOLED 1080x2376p မျက်နှာပြင် သုံးထားပြီး 1,500 nits Brightness က တော်တော်ကောင်းပါတယ်။ HDR10+ ထောက်ပံ့ထားပြီး အရောင်တိကျမှု အရမ်း ကောင်းတယ်လို့ ပြောပါတယ်။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

120Hz Refresh Rate က ဂိမ်း ကစားရင် တော်တော် အသုံးဝင်ပြီး သာမာန်အားဖြင့် Touch Sampling Rate က 300Hz ဖြစ်ကာ 1,000Hz အထိ တိုးမြှင့်ပေးနိုင်ပါတယ်။ စတီရီယို စပီကာတွေ တပ်ဆင်ထားပြီး X-axis Linear Motor နဲ့ Haptic Feedback အတွက် 500 Presets ထည့်သွင်းထားပါတယ်။ Dual WiFi နဲ့ Bluetooth အန်တင်နာတွေ အပါအဝင် ၃၆၀ ဒီဂရီ အန်တင်နာ Coverage နဲ့ တည်ဆောက်ထားတဲ့အတွက် ဆက်သွယ်မှု မပြတ်တောက်စေပါဘူး။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

ကင်မရာတွေအကြောင်းပြောရရင် Vivo S15 Pro မှာ 50MP Sony IMX766V Main ကင်မရာ သုံးထားပြီး OIS ပါပါတယ်။ နောက်ကင်မရာ ၁ လုံးက 12MP Ultra wide-angle ဖြစ်ပြီး Macro ကင်မရာလိုလည်း သုံးနိုင်ပါတယ်။ နောက်ဆုံး ကင်မရာ ၁ လုံးက 2MP Depth ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာကတော့ 32MP ဖြစ်ပါတယ်။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

80W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီကို သုံးထားပြီး ၁၈ မိနစ်အတွင်း ၇၀ ရာခိုင်နှုန်း နဲ့ ၃၅ မိနစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး Android 12 အခြေပြု OriginOS Ocean မောင်းနှင်ထားပါတယ်။ တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၂၇ ရက်နေ့ ရောင်းမှာပါ။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

8/256GB ကို ၃,၄၀၀ ယွမ်နဲ့ 12/256GB ကို ၃,၇၀၀ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉၃၀,၀၀၀ နဲ့ ၁,၀၂၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

vivo S15 Pro arrives with Dimensity 8100 chipset, S15 follows with Snapdragon 870

Ref : gsmarena

%d bloggers like this: