ခေါင်မိုးမှာ Solar ပြားတပ်ဆင်ထားပြီး ၆၂ မိုင်မောင်းနှင်နိုင်တဲ့ လျှပ်စစ်ကားလေး

နယ်သာလန်မှာ SQUAD Solar City Car အမည်ရ လျှပ်စစ်ကားလေးကို ဒီတစ်ပတ်ထဲမှာ ရောင်းချပေးလိုက်ပါတယ်။ အရွယ်အစား သေးငယ်ပြီး မြို့ထဲ ခရီးသွားလို့ အဆင်ပြေအောင် ဒီဇိုင်းထုတ်ထားပါတယ်။ ယာဉ်မောင်းလိုင်စင်တောင် မလိုဘဲ မောင်းနှင်နိုင်ပါတယ်။

SQUAD မှာ လူ ၂ ယောက် စီးနင်းနိုင်ပြီး Golf Cart နဲ့ ဒီဇိုင်း ဆင်တူပါတယ်။ တံခါးတွေကို ဖြုတ်၊ တပ် နိုင်အောင် ပြုလုပ်ပေးထားပြီး လူ ၂ ယောက် အပြင် ခရီးဆောင်အိတ်တွေပါ ထည့်သွင်းနိုင်ပါတယ်။ ၁ ခါအားအပြည့်သွင်းထားရင် ၆၂ မိုင် မောင်းနှင်နိုင်ပြီး ဘက်ထရီကိုလည်း ဖြုတ်၊ တပ် နိုင်ပါတယ်။

ကုမ္ပဏီက ဘက်ထရီ လဲလှယ်ပေးတဲ့ ဝန်ဆောင်မှုကိုလည်း စီစဉ်နေပြီး နေအိမ် အများစုမှာ သုံးကြတဲ့ 220V Outlet ကနေ အားသွင်းနိုင်ပါတယ်။ ခေါင်မိုးမှာ Solar ပြား တပ်ဆင်ထားပြီး ၁ ရက်ကို ၁၂ မိုင်အထိ မောင်းနှင်နိုင်အောင် အားသွင်းပေးနိုင်ပါတယ်။

blank

၂ မီတာပဲ အရှည်ရှိကာ အရွယ်အစား သေးငယ်တဲ့အတွက် ပါကင်ထိုးရတာ အဆင်ပြေစေပါတယ်။ SQUAD Solar City Car ကို ၂၀၂၃ ခုနှစ်မှာ ရောင်းချမှာ ဖြစ်ပြီး ၆,၅၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ သိန်း ၁၂၀ ဝန်းကျင်ပဲရှိပြီး လက်ရှိမှာ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : tnw

%d bloggers like this: