Covid-19 ကပ်ရောဂါဖြစ်နေတာ ၂ နှစ်ကျော်ကြာပြီဖြစ်ပေမယ့် အခုမှပထမဆုံးကူးစက်မှုတွေ့တဲ့ မြောက်ကိုရီးယား

Covid-19 ကပ်ရောဂါ ဖြစ်နေတာ ၂ နှစ်ကျော်ကြာပြီ ဖြစ်ပေမယ့် မြောက်ကိုရီးယားက အခုမှ ပထမဆုံး ကူးစက်မှု စတင်တွေ့ရှိခဲ့တယ်လို့ ကြေညာလိုက်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ Lockdown ပြုလုပ်ဖို့ စီစဉ်နေပါတယ်။ ကူးစက်တဲ့ လူအရေအတွက်ကို မသိရသေးပါဘူး။

Two years into the pandemic, North Korea confirms its first COVID-19 case

၂၀၂၀ ခုနှစ် အစောပိုင်းကစတင်ကာ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ပိုးကူးစက်မှုတွေ စတင်တွေ့ရှိခဲ့ ကတည်းက မြောက်ကိုရီးယားဟာ နယ်စပ်တွေမှာ တင်းကြပ်တဲ့ စည်းကမ်းတွေနဲ့ ကာကွယ်ခဲ့ပါတယ်။ တရုတ် နယ်စပ်က လမ်းတွေကို ပိတ်ပင်ခဲ့ပြီး ကုန်သွယ်ရေးတွေကို ရပ်နားခဲ့ပါတယ်။

Kim Jong Un Says Lapse In COVID Protocols Caused A'Grave Incident' : NPR

တရားဝင် Korean Central News Agency (KCNA) က ကျန်းမာရေး အာဏာပိုင်တွေဟာ မြို့တော် ပြုံယမ်းက အဖျားရှိတဲ့ လူနာတွေဆီကနေ ပိုးတွေ့ရှိခဲ့ပြီး အိုမီခရွန် မျိုးစိတ်ဖြစ်တယ်လို့ ပြောပါတယ်။

ပိုးကူးစက်တဲ့ လူအရေအတွက်ကို မသိရသေးဘဲ  ခေါင်းဆောင် ကင်ဂျုံအန်ဟာ ပိုးကူးစက်မှုကို တုန့်ပြန်ဖို့ အစည်းအဝေးပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ သူက မျှော်လင့်မထားတဲ့ အကြပ်အတည်း ဖြစ်ပြီး ပိုးကူးစက်မှုကို တားဆီးဖို့ မြို့တွေနဲ့ တစ်နိုင်ငံလုံးကို စနစ်တကျ Lockdown လုပ်ဖို့ ညွှန်ကြားထားပါတယ်။

Ref : interestingengineering

%d bloggers like this: