လေထု စိုထိုင်းမှုကနေ အားသွင်းနိုင်တဲ့ ဘက်ထရီကို တီထွင်

လေထု စိုထိုင်းမှုကနေ အားသွင်းနိုင်တဲ့ ဘက်ထရီကို တီထွင်နိုင်မယ်ဆိုရင် Wearable နဲ့ Portable Electronics တွေအတွက် များစွာ အကျိုးရှိလာမှာပါ။ ဒါပေမယ့် စွမ်းရည်မြင့် Moisture-Electric Generators (MEG) တွေကို ဖန်တီးဖို့ စိန်ခေါ်မှုများစွာ ရှိနေပါသေးတယ်။

Self-charging battery harvests energy from the humidity in the air - Inceptive Mind

ဩစတြေးလျ ကုမ္ပဏီ Strategic Element ဟာ University of New South Wales , CSIRO တို့နဲ့ ပူးပေါင်းကာ ကွေးညွှတ်ပျော့ပြောင်းပြီး လေထု စိုထိုင်းမှုကနေ အားသွင်းနိုင်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်မှာပါ။ အဲဒီ ဘက်ထရီကို Electronics နဲ့ Internet of Things (IoT) Device တွေမှာ အသုံးပြုနိုင်မှာပါ။

Self-charging battery generates electricity from moisture in the air

ဒီနည်းပညာသာ အောင်မြင်သွားရင် စမတ်နာရီလို ချပ်ဝတ်တန်ဆာ ကွန်ပြူတာတွေကို ကြိုးနဲ့ သို့မဟုတ် ကြိုးမဲ့ အားသွင်းစရာ မလိုတော့ပါဘူး။ လက်မှာ ဝတ်ဆင်ထားရုံနဲ့ လေထု စိုထိုင်းမှုကနေ အလိုလို အားသွင်းနေမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ဘက်ထရီ နည်းပညာတွေဟာ တိုးတက်သင့်သလောက် မတိုးတက်သေးပါဘူး။ အဲဒီအတွက် စမတ်ဖုန်း၊ တက်ဘလက်နဲ့ စမတ်နာရီတွေကို နေ့တိုင်း အားသွင်းပေးနေရတာ ဖြစ်ပါတယ်။ အခုလို လေထု စိုထိုင်းမှုကနေ အားသွင်းနိုင်တဲ့ ဘက်ထရီ နည်းပညာသာ အောင်မြင်သွားရင် အီလက်ထရောနစ် ကိရိယာတွေကို တကူးတက အားသွင်းစရာ မလိုတော့ပါဘူး။

Ref : inceptivemind

%d bloggers like this: