Covid 19 ကပ်ရောဂါကို သူ့ရဲ့ ဖောင်ဒေးရှင်းကနေ တိုက်ထုတ်နေတဲ့ Microsoft တည်ထောင်သူ Bill Gates ဟာ Covid 19 ကူးစက်ခံလိုက်ရပါတယ်။
I've tested positive for COVID. I'm experiencing mild symptoms and am following the experts' advice by isolating until I'm healthy again.
— Bill Gates (@BillGates) May 10, 2022
Gates က သူ Covid 19 ကူးစက်ခံလိုက်ရပြီး ရောဂါဝေဒနာ အနည်းငယ်ပဲ ခံစားရကာ ကျန်းမာပျောက်ကင်းတဲ့အထိ သီးခြား ခွဲနေထိုင်နေတယ်လို့ တွစ်တာမှာ ရေးသားထားပါတယ်။
Gates က တွစ်တာမှာ သူဟာ ကာကွယ်ဆေး ၂ ကြိမ် အပြင် Booster Dose ပါ ထိုးထားတယ်လို့ တွစ်တာမှာ ပြောကြားထားပါတယ်။ အမေရိကန် လူမျိုး ၅၅ သန်းဟာ ပထမအကြိမ် ကာကွယ်ဆေးတောင် မထိုးရသေးဘူးလို့ သိရပါတယ်။
Gates ဟာ Covid 19 ကာကွယ်ဆေးတွေကို စမ်းသပ်ဖို့နဲ့ ထုတ်လုပ်ဖြန့်ဖြူးဖို့ ဒေါ်လာ သန်းပေါင်းများစွာ အကုန်အကျခံကာ ကြိုးစားနေပြီး GAVI နဲ့ World Health Organization (WHO) တို့နဲ့ ပူးပေါင်း အလုပ်လုပ်နေပါတယ်။ သူက ဖောင်ဒေးရှင်းဟာ နောက် ၁ ကြိမ် ကပ်ရောဂါ မဖြစ်ပွားအောင် ပါတနာတွေနဲ့ ပူးပေါင်း အလုပ်လုပ်နေတယ်လို့ ပြောပါတယ်။
Ref : interestingengineering