Apple က iPod Touch နဲ့ iPod Series အားလုံးကို ထုတ်လုပ်ရောင်းချတာ ရပ်နားလိုက်တယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီအတွက် အနာဂတ်မှာ Apple ရဲ့ iPod တွေ ထွက်လာတော့မှာ မဟုတ်ပါဘူး။ Apple က iPod Touch ကို ပစ္စည်းကျန်သလောက် ရောင်းချပေးမယ်လို့ ပြောပါတယ်။
Apple က လွန်ခဲ့တဲ့ နှစ် ၂၀ က ပထမဆုံး iPod ကို ရောင်းချခဲ့တာ ဖြစ်ပြီး Walkman ရဲ့ ခြေရာကို လိုက်ခဲ့တာပါ။ Apple ဟာ လူတွေ သီချင်းနားထောင်တဲ့ ပုံစံကို တိုးတက်ပြောင်းလဲအောင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ iPod nano, iPod Shuffle နဲ့ iPod Touch တို့ကို ထုတ်လုပ်ရောင်းချပေးခဲ့ပါတယ်။
Apple က iPod Series ထုတ်လုပ်မှု ရပ်နားတာကို ဝမ်းနည်းပုံမရဘဲ သီချင်းနားထောင်ဖို့အတွက် iPhone , iPad လို Device တွေကို အသုံးပြုနိုင်တယ်လို့ လမ်းပြပေးထားပါတယ်။
နှစ်ပေါင်း ၂၀ ကြာအောင် လူတွေကို ဂီတသံစဉ်တွေ ဖွင့်ပြပေးခဲ့တဲ့ iPod ကိုတော့ နှလုံးသားထဲမှာ မေ့ပျောက်လို့ မရတော့မှာ သေချာပါတယ်။
Ref : gsmarena