စိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ လက်အတုကို တီထွင်လိုက်တဲ့ အထက်တန်းကျောင်းသား

အသက် ၁၇ နှစ်အရွယ် အမေရိကန် ဗာဂျီးနီးယားက Benjamin Choi ဟာ ကပ်ရောဂါကြောင့် အားလပ်နေတဲ့အချိန်တွေမှာ စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ လက်အတုကို တီထွင်လိုက်ပါတယ်။ ဉာဏ်ရည်တု နည်းပညာ ထည့်သွင်းထားပြီး ကုန်ကျစားရိတ် သက်သာအောင် ဖန်တီးထားပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အကြာက ကြည့်ခဲ့ရတဲ့ မှတ်တမ်း ဗီဒီယို ၁ ခုကနေ အခုလို စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ လက်အတုကို ဖန်တီးဖို့ စိတ်ကူးရခဲ့တာပါ။  သူ့ အမရဲ့ ၇၅ ဒေါ်လာတန် 3D Printer နဲ့ ငါးမျှားကြိုးတွေကို သုံးကာ တီထွင်ခဲ့တာလို့ သိရပါတယ်။

ရှုပ်ထွေးတဲ့ ဦးနှောက် ခွဲစိတ်မှုတွေ မလုပ်ချင်တဲ့အတွက် Choi ရဲ့ စနစ်မှာ ဦးနှောက်ရဲ့ လျှပ်စစ်လှိုင်းတွေကို အာရုံခံမှတ်သားနိုင်တဲ့ Electroencephalography (EEG) ကို အသုံးပြုခဲ့ပါတယ်။ ဆော့ဖ်ဝဲကို သူကိုယ်တိုင်ရေးသားပြီး ဉာဏ်ရည်တု နည်းပညာတွေကိုပါ အသုံးပြုထားပါတယ်။

Choi က သူ့ရဲ့ လက်အတုဟာ ၉၅ ရာခိုင်နှုန်း တိကျတယ်လို့ ပြောပြီး ကုန်ကျစားရိတ်က ဒေါ်လာ ၃၀၀ လောက်ပဲ ရှိပါတယ်။ အလားတူ လက်အတုတွေရဲ့ ဈေးနှုန်းက ဒေါ်လာ ထောင်ဂဏန်းလောက်ရှိပါတယ်။ သူက စိတ်နဲ့ထိန်းချုပ်နိုင်တဲ့ လက်အတုကို ပိုမိုတိုးတက်အောင် ဖန်တီးမှာ ဖြစ်ပြီး လူနာတွေနဲ့ စမ်းသပ်ဖို့ ရည်ရွယ်ထားပါတယ်။

Ref : interestingengineering

%d bloggers like this: