ခြေထောက်တွေ ပါတဲ့ကားကို စတင် ထုတ်လုပ်တော့မယ့် ဟွန်ဒိုင်း

ဟွန်ဒိုင်းက မွန်တာနာက စက်ရုံမှာ ခြေထောက်တွေ ပါတဲ့ကားကို စတင် ထုတ်လုပ်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ အဲဒီကားတွေ ထုတ်လုပ်ဖို့ လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ သန်း ၂၀ ရင်းနှီးမြှပ်နှံမှာ ဖြစ်ပါတယ်။ အဲဒီကားတွေက မောင်းသူမဲ့ TIGER နဲ့ Elevate တို့ ဖြစ်ကြပါတယ်။

ဟွန်ဒိုင်းဟာ ၂၀၁၉ ခုနှစ်မှာ Elevate Concept ကို ပထမဆုံး ပြသခဲ့ပြီး ပုံမှန်အတိုင်း မောင်းနှင်နိုင်ရုံသာမက ခြေထောက်တွေနဲ့ တောင်တက်နိုင်ပါသေးတယ်။ ဘီး ၄ ဘီးကို ခြေထောက်တွေမှာ တပ်ဆင်ထားပြီး ပုံသဏ္ဌာန်မျိုးစုံပြောင်းနိုင်ကာ မညီညာတဲ့ မြေပြင်တွေ၊ တောင်တွေကို သွားနိုင်ပါတယ်။

TIGER Concept ကို ပြီးခဲ့တဲ့နှစ်က ပြသခဲ့ပြီး အလိုအလျှောက် မောင်းနှင်နိုင်ပါတယ်။ ခြေထောက် ၄ ချောင်းပါပြီး အာကာသစူးစမ်းလေ့လာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ ဟွန်ဒိုင်းဟာ လူ ၂ ယောက်စီး Elevate မတိုင်ခင်မှာ TIGER Concept ကို အရင် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

ဟွန်ဒိုင်းက Elevate ကို ကားမောင်းရခက်ခဲတဲ့ အခြေအနေတွေမှာ မောင်းနှင်နိုင်အောင် တည်ဆောက်မှာ ဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်ကျရောက်တဲ့ အချိန်တွေမှာ လူ့အသက်တွေကို ကယ်တင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

Ref : interestingengineering

%d bloggers like this: