Virtual Reality နဲ့ အနမ်းပေးလို့ရပြီ

Virtual Reality ခေတ်စားလာတာ နှစ်အနည်းငယ်တောင် ရှိနေပြီ ဖြစ်ပြီး VR Headset ဝတ်ဆင်ထားကာ တကယ့်ပြင်ပ ကမ္ဘာက အတွေ့အကြုံတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပညာရှင်တွေဟာ Virtual Reality နဲ့ အနမ်းပေးတာလို အရာတွေကို ဖန်တီးဖို့အတွက် အခက်အခဲ ဖြစ်နေခဲ့ပါတယ်။

Virtual reality kissing is finally here. And it features real-time haptics

အခုတော့ Carnegie Mellon University ရဲ့ Future Interfaces Group က Virtual Reality နဲ့ အနမ်းပေးလို့ရတဲ့ နည်းပညာကို တီထွင်လိုက်ပါတယ်။ သူတို့ရဲ့ နည်းပညာမှာ အနမ်းပေးလို့ရတဲ့ ပါးစပ်မှာ ဘာကိရိယာမှ တပ်ဆင်ထားခြင်း မရှိတာက ထူးခြားပါတယ်။ အဲဒီလို ပြုလုပ်နိုင်ဖို့ Ultrasonic Transducers တွေကို အသုံးပြုထားပါတယ်။

တီထွင်သူတွေက “ ဒီနည်းပညာအတွက် ကျွန်တော်တို့ ပါးလွှာ ကျစ်လစ်တဲ့ Ultrasonic Transducers Array တွေကို Headset မှာ ထည့်သွင်းထားပါတယ်။ အနာဂတ် VR Headset တွေမှာ ဒီနည်းပညာက ပိုမို အသုံးပြုရတာ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

သူတို့မျှဝေထားတဲ့ ဗီဒီယိုအရ အနမ်းပေးရုံတင်မကဘဲ ကော်ဖီသောက်တာ၊ နှုတ်ခမ်းအပေါ် မိုးရေစိုတာတို့လို အတွေ့အကြုံတွေကိုပါ ထိတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းပညာက ခန္တာကိုယ် ၁ ခုလုံးကို VR အရသာနဲ့ ထိတွေ့ခံစားနိုင်ဖို့ အထောက်အကူ ဖြစ်စေမှာပါ။

Ref : interestingengineering

%d bloggers like this: