Xiaomi က Android Update မရတော့မယ့် Device စာရင်းကို ကြေညာ

Xiaomi က End of Life အမည်ရ စာရင်းကို ထုတ်ပြန်ပေးလိုက်ပြီး အဲဒီစာရင်းမှာ ပါတဲ့ စမတ်ဖုန်း၊ တက်ဘလက်တွေဟာ Android OS Update , Security Update , MIUI Version အသစ်တွေကို ရရှိတော့မှာ မဟုတ်ပါဘူး။ Mi နဲ့ Redmi Device တွေအတွက် စာရင်းကို ၂ ခု ခွဲခြားထားပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

အဲဒီ စာရင်းထဲမှာ Xiaomi Mi MIX 2S, Mi 8 Lite (Youth Edition), Redmi Note 5, Redmi 6, Mi Pad 4, Xiaomi Mi Band. Mi Band 2, Mi Band 3, Mi Band 3i (India version), Mi Band 4, Mi Watch, Xiaomi Mi Watch Color Keith Haring Edition နဲ့ စမတ်နေအိမ် ကိရိယာတွေ ပါဝင်ပါတယ်။

အဲဒီ စာရင်းမှာ ပါတဲ့ Device တွေကို ကိုင်ထားသူတွေဟာ ဒေတာ လုံခြုံရေးနဲ့ Privacy အတွက် Device အသစ် ၁ လုံးကို ဝယ်ကိုင်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒါပေမယ့် Android System အကြောင်း နားလည်တယ်ဆိုရင် သင့် Device မှာ Custom ROM ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။

Ref : gizchina

%d bloggers like this: