Elon Musk ပိုင်တဲ့ SpaceX ရဲ့ Starlink ဟာ ယူကရိန်း ပြည်သူ ၁၅၀,၀၀၀ ကို နေ့စဉ် ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးနေပါတယ်။ ဒါဟာ အကြမ်းဖျင်း ဒေတာ ဖြစ်တယ်လို့ ယူကရိန်းရဲ့ ဒစ်ဂျစ်တယ် ဝန်ကြီးက တွစ်တာမှာ ရေးသားထားပါတယ်။
Rough data on Starlink's usage: around 150K active users per day. This is crucial support for Ukraine's infrastructure and restoring the destroyed territories. Ukraine will stay connected no matter what. pic.twitter.com/XWjyxPQJyX
— Mykhailo Fedorov (@FedorovMykhailo) May 2, 2022
ဝန်ကြီး Fedorov ဟာ ရုရှားရဲ့ ကျူးကျော်စစ် စတင်ပြီးတာနဲ့ သိပ်မကြာခင်မှာပဲ ယူကရိန်းကို ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးဖို့ Elon Musk ကို တွစ်တာကနေ တောင်းဆိုခဲ့ပါတယ်။ Musk က ၁၀ နာရီအတွင်းမှာပဲ ဂြိုလ်တု အင်တာနက်ကို ယူကရိန်းအတွက် ဖွင့်ပေးခဲ့ပါတယ်။
SpaceX ဟာ တစ်ကမ္ဘာလုံးကို အင်တာနက် ပံ့ပိုးပေးနိုင်တဲ့ ဂြိုလ်တုတွေကို ကမ္ဘာပတ်လမ်းကြောင်းမှာ လွှတ်တင်ထားပြီး အသုံးပြုချင်သူတွေဟာ Dish Terminal တွေကို နေအိမ်မှာ တပ်ဆင်ထားရမှာ ဖြစ်ပါတယ်။ ရုရှားဟာ ယူကရိန်းရဲ့ အင်တာနက် ဆက်သွယ်ရေးကို ပစ်မှတ်ထား တိုက်ခိုက်လာတဲ့အတွက် ယူကရိန်းဟာ Starlink Terminal တွေကို အရေးတကြီး လိုအပ်လာခဲ့ပါတယ်။
Musk ဟာ ယူကရိန်းအတွက် Terminal တွေကို ပံ့ပိုးပေးခဲ့ပြီး အခုဆိုရင် ယူကရိန်းမှာ Terminal ပေါင်း ၁၀,၀၀၀ ကျော်ကို အသုံးပြုနေပြီ ဖြစ်ပါတယ်။
Ref : interestingengineering