Google ဟာ Android Go ကို မိတ်ဆက်ထားတာ ၅ နှစ် ရှိပါပြီ။ RAM နဲ့ Storage နည်းပါးတဲ့ တန်ဖိုးနည်း ဖုန်းတွေမှာ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်တဲ့ Android OS ရဲ့ Lite Version ဖြစ်ပါတယ်။ Android Go ဟာ Stock Android ထက် Storage နေရာယူမှု နည်းပါးပြီး လူသုံးများတဲ့ Google App တွေရဲ့ Go Version တွေကိုလည်း ထုတ်လုပ်ပေးထားပါတယ်။
Android Go ပါတဲ့ ဖုန်းများစွာ ထွက်လာခဲ့ပေမယ့် လူကြိုက် အရမ်း မများခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ Xiaomi က Google ရဲ့ လမ်းစဉ်အတိုင်း MIUI Go ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။ နာမည်အတိုင်းပဲ MIUI Go ဟာ Android Go လိုပဲ စွမ်းရည်နိမ့် ဖုန်းတွေမှာ လျှင်မြန်သွက်လက်စွာ အလုပ်လုပ်မှာပါ။
MIUI Go ဟာ Android 11 Go Edition ကို အခြေပြု ထားတာလို့ ထင်ရပြီး MIUI Go မှာ YouTube Go ,Gmail Go , Google Maps Go အပါအဝင် Google ရဲ့ Go Version App တွေ ထည့်သွင်းထားနိုင်ပါတယ်။
MIUI Go ပါတဲ့ ပထမဆုံး စမတ်ဖုန်းဟာ POCO C40 ဖြစ်နိုင်ပြီး နောက်ပိုင်းမှာ MIUI Go ပါတဲ့ စမတ်ဖုန်းများစွာ ထွက်လာနိုင်ပါတယ်။ Xiaomi ရဲ့ MIUI Go ဟာ ဘယ်လောက်အောင်မြင်လာမလဲ ဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ။
Ref : gizchina