Safety Driver မပါတဲ့ Baidu နဲ့ Pony.ai ရဲ့ မောင်းသူမဲ့ တက္ကစီတွေကို ဘေဂျင်းမှာ ခွင့်ပြုလိုက်ပြီ

Safety Driver မပါတဲ့ Baidu နဲ့ Pony.ai ရဲ့ မောင်းသူမဲ့ တက္ကစီတွေကို ဘေဂျင်းမှာ ပြေးဆွဲခွင့်ပြုလိုက်ပြီ ဖြစ်ပြီး တရုတ်မှာ ဒါဟာ ပထမဆုံး ဖြစ်ပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးရဲ့ မောင်းသူမဲ့ တက္ကစီတွေရဲ့ ယာဉ်မောင်းထိုင်ခုံမှာ ဝန်ထမ်း ၁ ယောက် လိုက်ပါဖို့ မလိုတော့ပေမယ့် ကားထဲမှာ ကြီးကြပ်သူ ၁ ယောက်တော့ လိုက်ပါရမှာပါ။

Baidu နဲ့ Pony.ai တို့ဟာ ဘေဂျင်းမြို့တော် ၁ ခုလုံးမှာ မောင်းသူမဲ့ တက္ကစီတွေ ပြေးဆွဲခွင့် မရသေးဘဲ ဒေသခံ ၃ သိန်းဝန်းကျင်ရှိတဲ့ ယီဇောင်က ၆၀ စကွဲယား ကီလိုမီတာအတွင်းမှာပဲ ပြေးဆွဲခွင့်ရထားပါတယ်။ Baidu က အဲဒီ ဧရိယာမှာ မောင်းသူမဲ့ တက္ကစီ ၁၀ စီးနဲ့ Pony.ai က ၄ စီး ပြေးဆွဲခွင့်ရထားပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးက ကားအရေအတွက် ပိုမိုတိုးချဲ့ဖို့ စီစဉ်ထားကြပေမယ့် ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ မသိရသေးပါဘူး။

China's capital city loosens robotaxi restrictions for Baidu, Pony.ai in a big step toward removing human taxi drivers - Trend Fool

ဘေဂျင်း အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ယီဇောင်မှာ အခကြေးငွေနဲ့ တက္ကစီ ပြေးဆွဲခွင့်ကို Baidu နဲ့ Pony.ai တို့ကို ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် Safety Driver ၁ ယောက်က ယာဉ်မောင်းထိုင်ခုံမှာ လိုက်ပါရပါတယ်။ ခရီးသည်တွေဟာ Baidu ရဲ့ Apollo Go App နဲ့ Pony.ai ရဲ့ PonyPilot Plus App တွေကနေ ကားငှားနိုင်ပါတယ်။

Ref : theverge

%d bloggers like this: