မိုးပျံကားတွေအတွက် ကမ္ဘာ့ ပထမဆုံး လေဆိပ်ကို ဗြိတိန်မှာ ဖွင့်လှစ်

ဗြိတိန်မှာ မိုးပျံကားတွေအတွက် ကမ္ဘာ့ ပထမဆုံး လေဆိပ်ကို ဖွင့်လှစ်လိုက်တယ်လို့ World Economic Forum (WEF) က ပြောပါတယ်။  ကားပိတ်ဆို့တဲ့ မြို့ပြတွေမှာ မိုးပျံကားတွေနဲ့ သွားလာရအဆင်ပြေစေဖို့ အဲဒီ လေဆိပ်က များစွာ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

Urban-Air Port launches Air-One – eVTOLs, drones, and an inventive  commercial vision

အင်ဂျင်နီယာနဲ့ ဒီဇိုင်နာတွေဟာ မြေပြင်ကနေ ဝေဟင် ၊ ဝေဟင် ကနေ မြေပြင် ဒေါင်လိုက် အတက်၊ အဆင်းပြုလုပ်နိုင်တဲ့ မိုးပျံကားတွေကို ဖန်တီးနေချိန်မှာ ဗြိတိန် အခြေစိုက် Urban-Air Port Ltd (UAP) က အဲဒီ မိုးပျံကားတွေအတွက် လေဆိပ်တွေကို တည်ဆောက်ဖို့ ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့နှစ်က eVTOL ဖန်တီးတဲ့ ကုမ္ပဏီ ၁ ခုဟာ အခြေခံ အဆောက်အဦးတွေ ရှားပါးတဲ့ ပြဿနာကို ဖြေရှင်းဖို့ မိုးပျံကားတွေအတွက် လေဆိပ်တွေကို တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိခဲ့ရပါတယ်။

Dymond Group to invest in Urban-Air Port Ltd and order two UAP “AirOne”  models - Urban Air Mobility News

အခုတော့ UAP က Air One လို့ အမည်ပေးထားတဲ့ မိုးပျံကား လေဆိပ်ကို ကမ္ဘာ့ ပထမဆုံး အနေနဲ့ တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပြီး အချိန် ၁၅ လကြာမြင့်ခဲ့ပါတယ်။

Ref : interestingengineering

%d bloggers like this: