SpaceX က Starlink ဂြိုလ်တု အင်တာနက်ကို Hawaiian လေကြောင်းလိုင်းမှာ နောက်နှစ် အသုံးပြုနိုင်အောင် ပံ့ပိုးပေးတော့မှာပါ။ လေကြောင်းလိုင်းက ခရီးသည်တွေကို အခမဲ့ အသုံးပြုခွင့်ပေးမယ်လို့ ပြောပါတယ်။
Elon Musk ရဲ့ SpaceX ဟာ နာမည်ကြီး လေကြောင်းလိုင်းအတွက် ဂြိုလ်တု အင်တာနက် ပံ့ပိုးပေးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်လာမှာပါ။ SpaceX ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ ဂြိုလ်တု ၂,၀၀၀ ဝန်းကျင် လွှတ်တင်ထားပြီး ကမ္ဘာပေါ်က ဘယ်နေရာမဆို မြန်နှုန်းမြင့် အင်တာနက်ကို ပံ့ပိုးပေးနိုင်ပါတယ်။
Hawaiian နဲ့ SpaceX တို့ ပူးပေါင်းမှုကြောင့် လေကြောင်းလိုင်းတွေမှာ ခရီးသည်တွေအတွက် အခမဲ့ ဝိုင်ဖိုင် ပံ့ပိုးပေးဖို့ ပြိုင်ဆိုင်မှုတွေ ရှိလာမှာပါ။ လက်ရှိမှာ JetBlue လေကြောင်းလိုင်းဟာ ခရီးသည်တွေအတွက် အခမဲ့ ဝိုင်ဖိုင် ပံ့ပိုးပေးထားပါတယ်။ Delta Air Lines ရဲ့ စီအီးအို Ed Bastian က သူ့ရဲ့ လေယာဉ်တွေမှာ မြန်နှုန်းမြင့် ဝိုင်ဖိုင်ကို ပံ့ပိုးပေးချင်တယ်လို့ ၂၀၁၈ ခုနှစ်က ပြောကြားခဲ့ပြီး ၂၀၁၉ ခုနှစ်က လေယာဉ်ခရီးစဉ်တချို့မှာ စမ်းသပ်ခဲ့ပါတယ်။
Hawaiian လေယာဉ်တွေမှာ အန်တင်နာလို့ ခေါ်တဲ့ Starlink Terminal တွေကို နောက်နှစ်မှာ တပ်ဆင်မယ်လို့ ထင်ပါတယ်။ လေကြောင်းလိုင်းက SpaceX ကို ဝန်ဆောင်ခ ဘယ်လောက်ပေးရသလဲဆိုတာ မပြောပါဘူး။
Ref : cnbc