Elon Musk ဟာ တွစ်တာကို ဝယ်ယူပြီးနောက်မှာ ယခင် သမ္မတဟောင်း Trump ကို ပြန်အသုံးပြုခွင့်ပေးမယ်ဆိုရင်တောင် Trump က ပြန်မသုံးတော့ဘူးလို့ ပြောပါတယ်။
Trump က အရင်က သူ နှစ်သက်ခဲ့တဲ့ တွစ်တာကို ပြန် မသုံးတော့ဘဲ သူ့ရဲ့ လူမှုကွန်ရက် App အသစ် ဖြစ်တဲ့ Truth Social မှာ လာမယ့် ရက်ပိုင်းအတွင်း ပို့စ်တွေ တင်တော့မယ်လို့ Fox News ကို ပြောပါတယ်။
Trump က “ တွစ်တာကို ပြန်သွားမှာ မဟုတ်ပါဘူး။ TRUTH မှာပဲ နေတော့မှာပါ။ Elon ဟာ တွစ်တာကို ဝယ်ယူလိုက်တာ တိုးတက်မှုတွေ ပြုလုပ်ဖို့အတွက်လို့ မျှော်လင့်ပါတယ်။ သူဟာ လူကောင်း ၁ ယောက်ပါ။ ဒါပေမယ့် ကျွန်တော်ကတော့ TRUTH မှာပဲ နေတော့မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Elon Musk ဟာ တွစ်တာကို ဒေါ်လာ ၄၄ ဘီလီယမ်နဲ့ ဝယ်ယူပြီးနောက်မှာ Trump က အခု ကြေညာချက်ကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ Musk ဟာ တွစ်တာကို ဝယ်ယူဖို့ ၂ ပတ်နီးပါး ဆွေးနွေးညှိနှိုင်းခဲ့ရပါတယ်။
Trump က “ တွစ်တာဟာ အရမ်း ပျင်းစရာကောင်းပါတယ်။ တွစ်တာမှာ မှန်ကန်တဲ့ စကားသံများစွာကို ပိတ်ပင်ထားပြီး ရှေးရိုးဆန်တဲ့ စကားသံတွေကို ခွင့်ပြုထားပါတယ်။ “ လို့ Americano Media နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
Ref : theverge
You must log in to post a comment.