Elon Musk ဟာ ပြီးခဲ့တဲ့ ၁ ပတ်က တွစ်တာကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး အစောပိုင်းမှာ ကုမ္ပဏီက ငြင်းဆန်ခဲ့ပုံရပါတယ်။ အခုတော့ ရက်အနည်းငယ်အကြာမှာ ကုမ္ပဏီက စဉ်းစားသုံးသပ်ပြီး Musk ရဲ့ ကမ်းလှမ်းချက်ကို လက်ခံလိုက်ပါပြီ။
ရှယ်ယာ ၁ ခုကို ၅၄.၂၀ ဒေါ်လာနဲ့ ဝယ်ယူလိုက်တာ ဖြစ်ပြီး စုစုပေါင်း ဒေါ်လာ ၄၄ ဘီလီယမ် ဖြစ်ပါတယ်။ အဲဒီအတွက် တွစ်တာဟာ ပုဂ္ဂလိက ကုမ္ပဏီ ဖြစ်လာပြီ ဖြစ်ပြီး ရှယ်ယာတွေကို စတော့ ဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်လို့ မရတော့ပါဘူး။
Musk က “ လွတ်လပ်စွာ ပြောဆိုနိုင်ခွင့်ဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ တွစ်တာဟာ လူတွေ ဆွေးနွေးငြင်းခုန်တဲ့ ဒစ်ဂျစ်တယ် ကမ္ဘာ ဖြစ်ပါတယ်။ ကျွန်တော် တွစ်တာမှာ လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းခြင်းဖြင့် ပိုကောင်းအောင် ပြုလုပ်မှာပါ။ ယုံကြည်မှု တိုးတက်အောင် Algorithm ကို Open Source လုပ်မှာ ဖြစ်ပြီး Spam Bot တွေကို တိုက်ဖျက်မှာပါ။ တွစ်တာဟာ အလားအလာ အများကြီး ရှိပြီး User တွေ အဲဒီ အကျိုးကျေးဇူးတွေကို သုံးနိုင်အောင် ဖန်တီးပေးမှာပါ။ “ လို့ ပြောပါတယ်။
Ref : gsmarena
You must log in to post a comment.