ဘရာဇီး တရားရုံး ၁ ခုက Charger မပါဘဲ iPhone ရောင်းလို့ Customer ၁ ယောက်ကို ဒဏ်ငွေ ၅,၀၀၀ ဘရာဇီး ရီရယ်( ဒေါ်လာ ၁,၀၈၁) ပေးဖို့ အမိန့်ချလိုက်ပါတယ်။
Apple ဟာ သဘာဝ ပတ်ဝန်းကျင် မပျက်ဆီးစေဖို့ ၂၀၂၀ ခုနှစ်ကတည်းက Charger တွေ မပါဘဲ ကုန်ပစ္စည်းတွေ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ iPhone 12 က စတင်ကာ Charger မထည့်သွင်းပေးခဲ့တာ ဖြစ်ပြီး အမေရိကန်က Apple Fans များစွာက သဘောမကျခဲ့ကြပါဘူး။ ဒါပေမယ့်လည်း Apple ဟာ အဲဒီ မူဝါဒကိုပဲ ဆက်လက် ကျင့်သုံးနေပါတယ်။
Apple ကတော့ ဖုန်းတွေမှာ USB-C to Lightning Port Charger ထည့်သွင်းပေးထားပြီး တခြား ကုမ္ပဏီတွေက ထုတ်တဲ့ Adaptor တွေနဲ့ တွဲဖက် အသုံးပြုနိုင်တယ်လို့ ကာကွယ်ပြောဆိုထားပါတယ်။ ဒါပေမယ့် တရားရုံးက အဲဒီ ပြောကြားချက်ကို ငြင်းပယ်လိုက်ပြီး USB-C Port မပါတဲ့ Adaptor တွေမှာ အဲဒီ Charger ကို သုံးလို့ မရဘူးလို့ ပြောပါတယ်။
တရားရုံးက သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေချင်ရင် Charger တွေကို ဆက်လက်ထုတ်လုပ်ပြီး သီးခြား ရောင်းချဖို့ Apple ကို တောင်းဆိုလိုက်ပါတယ်။
Ref : interestingengineering