Elon Musk က အင်တာဗျူး ၁ ခုမှာ လူတူစက်ရုပ်တွေဟာ ၂၀၅၀ ခုနှစ်မှာ အိမ်တိုင်းမှာ ရှိလာမယ်လို့ ပြောပါတယ်။ စက်ရုပ်တွေဟာ လူသားမျိုးနွယ်ကို ဖျက်ဆီးနိုင်တယ်ဆိုတာနဲ့ ပတ်သက်ပြီး သူက “ Over the Air ကနေ Update လုပ်လို့ မရတဲ့ Localized ROM Chip က ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ စက်ရုပ်က ပိုင်ရှင်ရဲ့ အမိန့်တွေကိုပဲ လိုက်နာဆောင်ရွက်မှာပါ။ “ လို့ ရှင်းပြပါတယ်။
Musk က “စက်ရုပ်တွေကို အစောပိုင်းမှာ ဘယ်သူမှမလုပ်ချင်တဲ့ အန္တရာယ်ရှိတဲ့ အလုပ်တွေ၊ ပျင်းစရာကောင်းတဲ့ အလုပ်တွေကိုပဲ လုပ်ခိုင်းကြမှာပါ။ နောက်ပိုင်းမှာတော့ စက်ရုပ်တွေဟာ ပိုအဆင့်မြင့်လာပြီး လူသားတွေကို ကာကွယ်စောင့်ရှောက်လာနိုင်တာ၊ ဟင်းချက်တာ၊ မြက်ရှင်းတာနဲ့ တခြား အလုပ်တွေကို လုပ်ပေးနိုင်မှာပါ။ “ လို့ ပြောပါတယ်။
အဲဒီ စက်ရုပ်မျိုး ဘယ်အချိန်ရနိုင်မလဲလို့ မေးတဲ့အခါ Musk က “ ဒီနှစ်ထဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ နမူနာ မော်ဒယ် ထွက်လာမယ်လို့ ထင်ပါတယ်။ နောက်နှစ်မှာ ပို အသုံးဝင်တဲ့ စက်ရုပ်တွေထွက်လာကောင်းနိုင်ပါတယ်။ ၂ နှစ်လောက်လည်း ကြာသွားနိုင်ပါတယ်။ “ လို့ ပြောပါတယ်။
သူက “ လူတူစက်ရုပ်တွေရဲ့ ကုန်ကျစားရိတ်ဟာ ကား ၁ စီးထက် နည်းပါးမှာပါ။ အစောပိုင်းမှာ ဈေးများနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ ထုတ်လုပ်မှု ကုန်ကျစားရိတ် နည်းပါးသွားမှာပါ။ “ လို့ ပြောပါတယ်။
Ref : interestingengineering
You must log in to post a comment.