Apple ဟာ လျှပ်စစ်ကားကို ဖန်တီးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာ နှစ်အနည်းငယ်ရှိပါပြီ။ အခုတော့ Apple Car မှာ Tesla မှာလို ကိုယ်ပိုင် Operating System ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ Apple ဟာ ကားရဲ့ အစိတ်အပိုင်းတိုင်းကို ထိန်းချုပ်နိုင်တဲ့ Software ပလက်ဖောင်း ၁ ခုကို ဖန်တီးနေပါတယ်။
Tesla မှာ Intel Atom Processor မောင်းနှင်တဲ့ Linux Custom Version ကို သုံးထားပါတယ်။ ပင်မ Control Unit က Navigation , Entertainment , Camera နဲ့ တခြား အရာတွေကို ထိန်းချုပ်ထားပါတယ်။ Apple Car ဟာ Tesla ကို ယှဉ်ပြိုင်ချင်တယ်ဆိုရင် Apple ဟာ အလားတူ Operating System ကို ဖန်တီးမှာ အံ့အားသင့်စရာ မလိုပါဘူး။
Apple ရဲ့ OS ဟာ Navigation လုပ်ဆောင်ချက်တွေ၊ Entertainment နဲ့ သတင်းအချက်အလက်ပေးတဲ့ လုပ်ဆောင်ချက်တွေကို ပိုကောင်းစေမှာပါ။ ကုမ္ပဏီဟာ လက်ရှိမှာ CarPlay Software ကို ကားအမျိုးမျိုးအတွက် ပံ့ပိုးပေးထားပေမယ့် Navigation နဲ့ Media တွေအတွက်ပဲ ကန့်သတ်ထားပါတယ်။
Apple ရဲ့ carOS ကို M1 SoC က မောင်းနှင်ပေးထားနိုင်ပြီး Neural Processing Unit က လမ်း အခြေအနေတွေကို ခွဲခြမ်းစိတ်ဖြာပေးမှာ ဖြစ်ပါတယ်။ Apple Car မှာ Tesla ကားတွေမှာလို အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားနိုင်ပါတယ်။ Apple က ဒီသတင်းတွေကို အတည်မပြုသေးပေမယ့် Apple Car ကို ၂၀၂၅ ခုနှစ်မှာ ရောင်းနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။
Ref : interestingengineering