ပြင်သစ်မှ Glowee အမည်ရ Startup ကုမ္ပဏီက ပြင်သစ်ရဲ့ Rambouillet မြို့ငယ်လေးကို ဘက်တီးရီးယားတွေနဲ့ မီးအလင်းပေးထားပါတယ်။ အဲဒီ မီးအိမ်တွေကို မြို့တော်ရဲ့ Covid-19 ကာကွယ်ဆေးထိုး စင်တာမှာ တပ်ဆင်ပေးထားပါတယ်။ သက်ရှိတွေမှာ Bioluminescene ဖြစ်စဉ်ကနေ မီးအလင်း ထွက်လေ့ရှိပြီး အဲဒီ ဖြစ်စဉ်ကို ပိုးစုန်းကြူးလေးတွေမှာ တွေ့မြင်နိုင်ပါတယ်။
Glowee ဟာ Aliivibrio Fischeri လို့ ခေါ်တဲ့ ရေနေ ဘက်တီးရီးယားတွေကနေ အခန်းတွေထဲမှာ မီးအလင်းရအောင် ဖန်တီးနေပြီး အနာဂတ်မှာ တစ်မြို့လုံးကို မီးအလင်းပေးဖို့ ကြိုးစားနေပါတယ်။ ကုမ္ပဏီက ဘက်တီးရီးယားတွေကို ဆားငန်ရေ ဖြည့်ထားတဲ့ Tube ထဲမှာ ထည့်ထားပါတယ်။ လိုအပ်တဲ့ အစာအာဟာရတွေကို ပေးထားပြီး အောက်ဆီဂျင် ပံ့ပိုးပေးထားပါတယ်။
အဲဒီအခါ ဘက်တီးရီးယားတွေရဲ့ ဇီဝကမ္မဖြစ်စဉ်ကြောင့် မီးအလင်းရောင် ထွက်လာတာ ဖြစ်ပါတယ်။ မီးအလင်း ပိတ်ချင်တဲ့အခါ အောက်ဆီဂျင်ပေးထားတာကို ရပ်လိုက်လို့ရပါတယ်။ Glowee က ဘက်တီးရီးယားကနေ ထွက်တဲ့ မီးအလင်းဟာ စွမ်းအင် သုံးစွဲမှု သက်သာပြီး ရေရှည်တည်တန့်နိုင်သလို လျှပ်စစ်ကို မှီခိုနေရတာကို လျှော့ချပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။
Ref : interestingengineering
You must log in to post a comment.