Huawei ဟာ AITO Sub-brand ကနေ ပထမဆုံး လျှပ်စစ်ကားကို ၂၀၂၁ ခုနှစ်က တရုတ်မှာ ရောင်းချခဲ့ပါတယ်။ AITO M5 လို့ နာမည်ပေးထားပြီး Huawei ရဲ့ ကားနယ်ပယ်ကို ဝင်ရောက်တဲ့ ပထမဆုံး ခြေလှမ်း ဖြစ်ပါတယ်။ ရောင်းအားလည်း ကောင်းတဲ့အတွက် Huawei ဟာ လျှပ်စစ်ကား နယ်ပယ်ကို ပိုမို စိတ်ဝင်စားလာပြီး အခုတော့ နောက်မျိုးဆက် လျှပ်စစ်ကားကို တရုတ်က MIIT Database မှာ တွေ့လာရပါပြီ။
အဲဒီကားရဲ့ ဓါတ်ပုံတွေကို အဲဒီမှာ ဖော်ပြထားပြီး AITO M7 လို့ နာမည်ပေးထားမှာပါ။ လူ ၆ ယောက် စီးနင်းနိုင်တဲ့ အရွယ်ကြီး လျှပ်စစ်ကား ဖြစ်ပြီး AITO M5 ထက် ပိုကြီးပါတယ်။ အပြင်ပိုင်းကို ကြည့်ရတာ အဲဒီ ကား ၂ စီးရဲ့ ဒီဇိုင်းဟာ ဆင်တူပါတယ်။ AITO M5 မှာ ပါတဲ့ Huawei Zhixuan Logo မပါတာကို တွေ့ရပါတယ်။
Huawei AITO M7 ရဲ့ အလေးချိန်က ၂၃၄၀ ကီလိုဂရမ် ရှိပြီး အရှည်၊ အကျယ်နဲ့ အမြင့်က 5020×1945×1775mm ရှိပါတယ်။ Engine Power က 1.5T Range Extender + Motor Combo လို့ ဖော်ပြထားပြီး Power/Peak Power က 72kW/200kW ဖြစ်ပါတယ်။ အမြင့်ဆုံး Engine Power ကို 90kW လို့ ဖော်ပြထားပါတယ်။
AITO M5 ကို ၂၀၂၂ ခုနှစ် မတ်လကမှ ရောင်းချထားတဲ့ အတွက် AITO M7 ကို ဒီနှစ် နှောင်းပိုင်းမှာ ကြေညာနိုင်ပါတယ်။
Ref : gizmochina