Volocopter ရဲ့ လျှပ်စစ် လေယာဉ် တက္ကစီကို စမ်းသပ်ပျံသန်း

ဂျာမနီ အခြေစိုက် Volocopter က လေယာဉ် တက္ကစီကို ဖန်တီးနေပါတယ်။ သူ့ရဲ့ လေယာဉ်ဟာ မြေပြင်ကနေ ဝေဟင်နဲ့ ဝေဟင်ကနေ မြေပြင်ကို ဒေါင်လိုက် ပျံတက်၊ ဆင်းသက်နိုင်ပါတယ်။ အီလက်ထရစ် စွမ်းအင်ကို အသုံးပြု ပျံသန်းတာ ဖြစ်ပါတယ်။ အခုတော့ ကုမ္ပဏီက စမ်းသပ်ပျံသန်းထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေလိုက်ပါတယ်။

ကုမ္ပဏီဟာ အဲဒီ လေယာဉ် တက္ကစီကို အချိန် ၁၀ နှစ်ကျော် တည်ဆောက်ထားတာ ဖြစ်ပြီး စမ်းသပ် ပျံသန်းမှုပေါင်း ၁၅၀၀ ကျော်ပြုလုပ်ထားပါတယ်။ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလတုန်းက ဂျာမနီတောင်ပိုင်းမှာ အရွယ်အစားပြည့် နမူနာမော်ဒယ်ကို ပထမဆုံး အကြိမ် ပျံသန်းခဲ့ပါတယ်။

အဲဒီ လေယာဉ်ရဲ့ အမည်က VoloCity ဖြစ်ပြီး ပန်ကာ ၁၈ လုံးနဲ့ လျှပ်စစ် မော်တာ ၁၈ လုံး တပ်ဆင်ထားပါတယ်။ ဘက်ထရီ ၉ လုံး ပါပြီး လူ ၂ ယောက်လိုက်ပါ စီးနင်း နိုင်ပါတယ်။ အလိုအလျှောက် ပျံသန်းနိုင်သလို အဝေးကနေ ထိန်းချုပ်ကာ ပျံသန်းနိုင်ပြီး ပိုင်းလော့ကလည်း မောင်းနှင်နိုင်ပါတယ်။ ၂၂ မိုင် မောင်းနှင်နိုင်ပြီး အမြန်ဆုံး အနေနဲ့ တစ်နာရီကို ၆၈ မိုင် မောင်းနှင်နိုင်ပါတယ်။

Volocopter က VoloCity ဟာ သမားရိုးကျ ဟယ်လီကော်ပတာတွေထက် ၄ ဆ အသံ ပိုတိတ်ဆိတ်တယ်လို့ပြောတဲ့အတွက် မြို့တွင်းသယ်ယူပို့ဆောင်ရေးအတွက် အဆင်ပြေပါတယ်။

Ref : inceptivemind

%d bloggers like this: