လေယာဉ် ပျံသန်းနေစဉ် စမတ်ဖုန်း ၁ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့

စမတ်ဖုန်းတွေ မီးလောင်ကျွမ်းတဲ့ သတင်းတွေ တစ်ခါတစ်လေ မြင်ခဲ့၊ ဖတ်ခဲ့ကြရပြီးပါပြီ။ ဒါပေမယ့် လေယာဉ် ပေါ်မှာ စမတ်ဖုန်း မီးလောင်တဲ့အခါ အခန့်မသင့်ရင် လေယာဉ် ၁ စီးလုံး မီးလောင် သွားနိုင်သလို ခရီးသည်အားလုံး အသက်သေဆုံးသွားနိုင်ပါတယ်။ အခုတော့ လေယာဉ်ပေါ်မှာ စမတ်ဖုန်း မီးလောင်တဲ့ သတင်း ၁ ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။

Phone Catches Fire Mid-Air on Indigo Flight

အိန္ဒိယ ပြည်တွင်း လေယာဉ် ခရီးစဉ် ၁ ခုမှာ စမတ်ဖုန်း ၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး လေယာဉ် ဝန်ထမ်းက မီးသတ်ဆေးဘူးနဲ့ ငြိမ်းသက်နိုင်ခဲ့ပါတယ်။ ခရီးသည်တွေနဲ့ လေယာဉ် ဝန်ထမ်း ၁ ယောက်မှ ထိခိုက်ဒဏ်ရာရခဲ့တာ မရှိတာက သတင်းကောင်းပါ။

IndiGo Flight

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က IndiGo 6E 2037 လေယာဉ် ခရီးစဉ်မှာ ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လေယာဉ်ဟာ ဒီဘယူဂတ် ကနေ နယူးဒေလီကို ပျံသန်းခဲ့တာပါ။ ဒီဖြစ်ရပ်မှာ လူ ၁ ယောက်မှ ထိခိုက် ဒဏ်ရာ မရခဲ့ဘဲ လေယာဉ်ဟာ ဦးတည်ရာ လေဆိပ်ကို အချိန်မှီ ရောက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ် ဩဂုတ်လမှာ Samsung Galaxy A21 ဖုန်း ၁ လုံးဟာ အလက်စကား လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ မီးလောင်ခဲ့ပြီး အရေးပေါ် ဆင်းသက်မှု ပြုလုပ်ခဲ့ရပါတယ်။

Ref : mysmartprice

%d bloggers like this: