Elon Musk ဟာ မကြာခင်က Twitter ရဲ့ ရှယ်ယာများစွာကို ဝယ်ယူခဲ့ပြီး ရှယ်ယာ အများဆုံး ပိုင်တဲ့ သူတွေထဲက ၁ ယောက် ဖြစ်လာပါတယ်။ အခုတော့ Bloomberg က Tesla နဲ့ SpaceX တည်ထောင်သူဟာ ရှယ်ယာ ၁ ခုကို ၅၄.၂၀ ဒေါ်လာနှုန်းပေးကာ ဒေါ်လာ ၄၃ ဘီလီယမ်နဲ့ Twitter ကို ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
Musk ဟာ ဒီကမ်းလှမ်းမှုကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ပြုလုပ်ခဲ့တာလို့ သိရပါတယ်။ Musk ဟာ Twitter ကို ပြုပြင်ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ သူ့ အတွေးအမြင်တွေကို အရင်က Twitter မှာ လူသိရှင်ကြား ရေးသားခဲ့ဖူးပါတယ်။ သူက “ Twitter မှာ Follower များစွာရှိတဲ့ အကောင့်တွေဟာ ပို့စ်တင်တာ နည်းလာတဲ့အတွက် Twitter ဟာ အသက်ငင်နေသလို ဖြစ်နေပါပြီ။ Twitter မှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့် မရှိဘဲ ပုဂ္ဂလိက ကုမ္ပဏီ အဖြစ် အသွင်ပြောင်းဖို့ လိုအပ်နေပါပြီ။ “ လို့ ပြောခဲ့ပါတယ်။
သူက ပို့စ်တွေကို ပြောင်းလဲနိုင်တဲ့ Edit Button ထည့်သွင်းပေးသင့်ပြီး Twitter Blue ကို အခကြေးငွေနဲ့ အသုံးပြုသူတွေအတွက် Verification Mark တပ်ထားပေးသင့်တယ်လို့လည်း ပြောခဲ့ပါတယ်။
Musk ဟာ ဒေါ်လာ ၂၆၀ ဘီလီယမ် ကြွယ်ဝချမ်းသာပြီး Twitter အတွက် ဒေါ်လာ ၄၃ ဘီလီယမ် အသုံးပြုမယ်ဆိုတာ သူ့အတွက် မပြောပလောက်တဲ့ ငွေပမာဏ ဖြစ်ပါတယ်။
Ref : androidpolice
You must log in to post a comment.